Cele News

ကောင်းကျိုးလုံး၀မပေးတဲ့အရာတစ်ခုကြောင့်သိန်းသောင်းနဲ့ချီ ဆုံးရှုံးခဲ့ရတဲ့အပြင် လူပါသေမလိုဖြစ်ခဲ့ရတဲ့အကြောင်း ပြောပြလာတဲ့ စွမ်းဇာနည်

မင်းသားချောလေး စွမ်းဇာနည်ကတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လို့ ဆိုရလောက်အောင်ကို မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကို အပြတ်အသတ်ရရှိထားတာ ဖြစ်ပါတယ် ။ စွမ်း ဇာ နည်က ဇာတ်သဘင်လောကမှာ အောင်မြင်နေတဲ့ဇာတ်မင်းသားတစ်ဦးဖြစ်ပြီး အဆိုပိုင်းမှာ ရော သရုပ်ဆောင်ပိုင်းမှာပါ ပိုင်နိုင်သူ ဖြစ်ပါတယ် ။

စွမ်းဇာနည်ကဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားတွေအများအပြားရိုက်ကူးပြီးအောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့စွမ်းဇာနည်က‌ဆေးကြောင့် သိန်း ၁၀၀၀၀ ကျော် ဆုံးရှုံးခဲ့ ရတယ်လို့ ဆိုလာခဲ့တာ ဖြစ်ပါတယ်

စွမ်းဇာနည်က “တစ်နိုင်ငံလုံးမှာ လက်ခံထားတဲ့ ပွဲတွေ အကုန်လုံး လျော်လိုက်ရတယ်။ ကားသုံး စီး ပြုတ်သွားတယ်။ ငွေလျော်တာတောင် မကျေနပ်လို့ သွားတောင်းပန်ခဲ့ရတယ်။ အားလုံးပေါင်း ကျပ် သိန်း (၁) သောင်း လောက် နစ်နာ ခဲ့ရတယ်။ ဆေးလိပ်၊ အရက်၊ တွေ ကို အလွန်အကျွံသုံးမိခဲ့လို့ လူက ရူးသွားတာပါ။ ငွေဆုံးရှုံးတာက ပြန်ရှာလို့ ရနိုင်ပေမယ့် ယုံကြည်မှုတွေပါမဆုံးရှုံးရအောင် ပြန်ကြိုးစား နေပါတယ်” လို့ ပြောလာခဲ့တာပါ။

ဆက်လက်ပြီး စွမ်းက “ဆေးက လုံးဝလက်တည့်စမ်းလို့မရတဲ့အရာတစ်ခုပါ ကျန်းမာ ရေးတောက် လျှောက်ထိခိုက်ပါတယ် သူ့နာမည်မှာကိုက ပါပြီးသားပဲလေ စိတ်ကြွရူးသွပ်ဆေးပြား ဆိုတာဆက်သုံးရင် ရူးမှာပဲ လက်ရှိသုံးနေတဲ့သူတွေကို မသုံးကြပါနဲ့ ဘာတစ်ခုမှ ကောင်းကျိုးမ ပေးတဲ့ အရာပါ မိန်းကလေးတွေလည်း သုံးတာ တွေ့ရတယ် မလုပ်ကြပါနဲ့ လို့ ပြောချင်ပါတယ် ” လို့ဆို လာခဲ့တာဖြစ်ပါတယ်။

“အရက်တောင်သောက်တတ်ရင်ဆေးဖြစ်တယ် ကျွန်တော်ကအလွန်အကျူးသုံးလိုက်တော့ ကျန် မာရေးတွေတောက်လျှောက်ထိခိုက်တယ် ကျန်းမာရေး ထိခိုက်တော့ ပွဲမကနိုင်ဘူး ပွဲတွေဖျက်လိုက် ရတယ် ထားဝယ်ကပရိသတ်တွေဆို ကျွန်တော်လာကဖို့ လေးငါးခြောက်လ အနည်းဆုံး စာချုပ်ချုပ်ထားကြတယ် ကိုယ်ကမကနိုင်တော့ သူတို့ကကိုယ့်ကိုမုန်းကုန်ကြတယ် ယုံကြည်မှုတွေပါ ပျက်ကုန်တာပေါ့ ” လို့ ပြောပြခဲ့တာဖြစ်ပါတယ်။

စွမ်းဇာနည်ကတော့ ဆေးကြောင့် သိန်းသောင်းနဲ့ချီ ထိခိုက်နစ်နာခဲ့ရတဲ့အကြောင်း ပြော ပြလာခဲ့ တာပဲဖြစ်ပါတယ် ပရိသတ်ကြီးလည်း စွမ်းအတွက် အားပေးစကားလေးပြောခဲ့ ကြပါအုန်း နော်။

Credit– Magic(Shwe Yaung Myanmar)