Cele News

ဘယ်အချိန်ကြည့်ကြည့် ရိုးရှင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းလွန်းနေတဲ့ ယွန်းယွန်း

ပရိတ်သတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မလေး ယွန်းယွန်းကတော့ ငယ်စဉ်ကတည်းက ဗီဒီယိုဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ပညာရေးဘက်မှာလည်း ထူးချွန်သူလေးလည်း ဖြစ်လို့နေပါတယ်။

Photo credit – Amazing Grace 

ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေနဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ ပါးချိုင့်လေးကြောင့် ပရိတ်သတ်တို့အသည်းကို အမြဲဖမ်းစားတတ်တဲ့ ယွန်းယွန်းလေးဟာ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက် စာမျက်နှာထက်မှာ အမြဲလိုလို မျှဝေပေးတတ်တဲ့ ယွန်းယွန်းက ယနေ့မှာတော့ အသည်းယားစရာကောင်းအောင် ပိုစ့်ပေးဓာတ်ဖမ်းနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။

Photo credit – Amazing Grace 
Photo credit – Amazing Grace 

ဒါကတော့ ရှည်လျားလှပတဲ့ ဆံနွယ်လေးတွေကိုချကာ လုံလုံခြုံခြုံဖက်ရှင်လေးနဲ့ အသည်းယားစရာကောင်းလွန်းနေတဲ့ ပုံလေးတွေကို တင်ပေးလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုအချစ်ပိုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ကဲ….ပရိသတ်တွေကလည်း ယွန်းယွန်းရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးဖို့ မမေ့လိုက်ပါနဲ့နော်…။

Photo credit – Amazing Grace 

Credit_Myanmarload