မိမိဝယ်လိုက်တဲ့ နွားနို့ထဲမှာ ရေဘယ်လောက် ရောထားလဲဆိုတာ အလွယ်တကူ သိနိုင်မည့်နည်းလမ်း
မင်္ဂလာပါ ပရိတ်သတ်ကြီးရေ …
ယခုမျှဝေပေးမှာကတော့
ကိုယ်ဝယ်တဲ့ နွားနို့မှာ ရေ ဘယ်လောက်ရောထားလဲ သိနိုင်မည့် နည်းလမ်းလေးပါ ။

နွားနို့ အစစ်ပါလို့ ပိတ်ငြင်းနေတဲ့ သူတွေကို ဒီလိုလေးလုပ်ပြီး ပြန်ငြင်းကြရအောင်။
နွားနို့နဲ့ ရေနဲ့ ရောသွားလို့ ရေကို ပြန်ထုတ်လို့ မရဘူးလားဆို တော့ ရပါတယ်။
လွယ်ကူတဲ့ နည်းလေးနဲ့ ပြန်ဖယ်လို့ရပါတယ်။
ဒီနည်းလေးကို သိတဲ့သူတွေ သိပါတယ် ။
မသိသေးသော သူများလည်းရှိပါတယ်။ အောက်မှာ ဖတ်ကြည့်ပါဗျ။
ပထမဦးစွာ နွားနို့ကို ဘူးထဲ အရင်ထည့်ပါ။
ပြီးရင် ရေခဲသေတ္တာထဲ ထည့်ပြီး ခဲအောင် လုပ်ထား ပေးပါ။ အောက်က ပုံလိုလေး။

ခဲသွားလို့ ပြန်ထုတ်ယူပြီးလျှင် အပြင်မှာ ထားပေးပါ။
နွားနို့ကတော့ လွယ်လွယ်နဲ့ အရေပျော် သွားနိုင်ပေမယ့်
ရေကတော့ ခဲပြီး ကျန်ခဲ့မှာပါ။
အောက်က ပုံကိုကြည့်ပါ။

ဒါဆိုရင် သင်လိုချင်တဲ့
နွားနို့ စစ်စစ် ကို ရပါပြီ။
ဒီနည်လမ်းအတိုင်း နွားနို့ စစ်မစစ်
ရေဘယ်လောက် ရောထားလည်း ဆိုတာကို သိနိုင်ပါပြီ။
ဒါဆိုရင် ဘယ်တံဆိပ်ကတော့ ရေရောတာ များတယ် ၊
ဘယ်တံဆိပ် ၊ ဘယ်ဆိုင်ကတော့ ရေရောတာ နည်းတယ်ဆိုပြီး
သင်သိပြီမို့ နောက်ဆို ကောင်းကောင်း ရွေးချယ်နိုင်ပြီပေါ့။
Credit