ဗဟုသုတ

မောင်နှမတွေထဲမှာ ကြီးစဥ်ငယ်လိုက် ကိုယ်စီရှိတတ်တဲ့ စရိုက်လက္ခဏာလေးများ

မောင်နှမတွေထဲမှာ ကြီးစဉ်ငယ်လိုက် ကိုယ်စီရှိတတ်တဲ့စရိုက်လက္ခဏာလေးများ

၁။ အကြီးဆုံး

များသောအားဖြင့် အကြီးဆုံးသားသမီးတွေဟာ ရှေးရိုးဆန်ကြတယ်။ အငယ်တွေအပေါ် သြ ဇာကြီးတယ်။ ကိစ္စရပ်တွေမှာ အမြဲဦးဆောင်ကြရတယ်။သူတို့ထက်ငယ်တဲ့မောင်နှမတွေအတွက် တာဝန်တွေယူပေးကြရလေ့ရှိပါတယ်။

ဒါ့အပြင် မိဘတွေရဲ့ပထမဆုံးအချစ်နဲ့ ပြိုင်ဘက်မရှိတဲ့ ဂရုစိုက်မှု တွေကို အရင်ဆုံးခံစားခွင့်ရခဲ့ကြတာကြောင့် များသောအားဖြင့် စိတ်သဘောထားကြီးကြပါတယ်။

၂။ အလတ်

မောင်နှမတွေထဲ အလတ်ဖြစ်သူတွေဟာ အရှေ့မှာ အစ်ကို၊ အစ်မရှိပြီးဖြစ် တာကြောင့် ဘာပဲလုပ်လုပ် အကြီးတွေကို ကျော်နိုင်ဖို့ကြိုးစားရုန်းကန်ကြရလေ့ရှိတယ်။ ဒါကြောင့် ကြီးပွားလိုစိတ်ရှိကြပြီးတစ်ကိုယ်ကောင်းစိတ် နည်းပါးကြတယ်။ဖြောင့်မတ်ပြီး လုံ့လဝီရိယရှိကြတယ်။

ဘဝရဲ့ပန်းတိုင်တွေကို မတန်တဆ မြင့်မြင့်မားမားချမှတ်ကြလေ့ရှိတာကြောင့် ကျဆုံးမှုလေးတွေကို လည်း ကြုံကြရတယ်။ဒါပေမဲ့ သူတို့က အခက်အခဲတွေကို ဘယ်လိုကြံ့ခိုင်စွာဖြတ်ကျော်ရမယ်ဆိုတာ ကိုလည်း ကောင်းကောင်းသိကြသူတွေဖြစ်ပါတယ်။

၃။ အငယ်ဆုံး

မောင်နှမတွေထဲမှာ အငယ်ဆုံးလေးတွေဟာ မိဘနဲ့ အစ်ကိုအစ်မတွေရဲ့ ဂရုစိုက်မှုတွေကို အခံရဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်အတွေ့အကြုံလည်းနည်းပါးပြီး လွတ်လပ် ခွင့်လည်း သိပ်မရကြပါဘူး။

သူတို့တွေဟာ ရှေ့က အကြီးတွေကို ဖြတ်ကျော်ဖို့ အမြဲလှုံ့ဆော်ခံကြရတဲ့ အတွက် သူတို့ရွေးချယ်တဲ့နယ်ပယ်ရပ်တိုင်းမှာ အသိအမှတ်ပြုခံရပြီး ကြီးမားတဲ့အောင်မြင်မှုတွေနဲ့မှတ်ကျောက်တင်ခံရလေ့ရှိကြတယ်။ အထူးသဖြင့် အမြန်ဆုံးအားကစားသမားတွေ၊အကောင်းဆုံး ဂီတပညာရှင်တွေဟာ အငယ်ဆုံးတွေပါ။ သူတို့တွေဟာ ပွင့်လင်းဖော်ရွေတတ်ပြီး အကြီးတွေထက် တာဝန်ယူမှုနည်းပါးတဲ့အတွက် ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်ကျော်တတ်ကြတယ်။

၄။ တစ်ဦးတည်းသော သားသမီး

တစ်ဦးတည်းသောသားသမီးတွေဟာ မိဘတွေဆီက အချစ်တွေ၊ ဂရုစိုက်မှု တွေကို့ စုပြုံရရှိကြတာမို့ တခြားသူတွေဆီကလည်း ဂရုစိုက်မှုတွေကို မျှော်လင့်ကြတယ်။ သူတပါးကို အမှီအခိုကင်းပြီး ကိုယ့်ကိုယ်ကိုဦးဆောင်နိုင်ကြတယ်။

အမြဲဖြည့်ဆည်းပေးတာခံယူလာရတဲ့အတွက် ဘာမဆို ပြီးပြည့်စုံတဲ့အခြေအနေကိုပဲ လက်ခံချင်တဲ့အမူအကျင့်လေးတွေရှိတတ်ကြတယ်။ သူတို့လို ချင်တာရဖို့ကိုလည်း ဦးစားပေးတတ်ကြတယ်။ ဒါ့အပြင် စိုးရိမ်ကြောက်လန့်တတ်ပြီး အပေါင်းအသင်း လည်း ခုံမင်တတ်ကြပါတယ်။

စာချစ်သူတို့ရေ…

လေ့လာတွေ့ရှိမှုတွေအရဆိုရင် အကြီးဆုံးသား၊ သမီးတွေဟာ ဉာဏ်ရည်မြင့်မားတဲ့အပြုအမူတွေရှိတယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့ စိတ်တည်ငြိမ်မှုနဲ့ စိတ်ကူးဉာဏ်ထက်မြက်ခြင်းတွေကတော့ မောင်နှမတွေထဲအကြီ ဖြစ်ခြင်း၊ အငယ်ဖြစ်ခြင်းစတာတွေနဲ့ မသက် ဆိုင်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။

သေချာတာက ဒီသုံးသပ်မှုတွေဟာယေဘူယျသဘောမျှသာဖြစ်ပါ တယ်။ တသမတ်တည်း ဖြစ်ပေါ်လာမှာလို့ မပြောနိုင်ပါဘူး။ လူတစ်ယောက်ရဲ့ ငယ်စဉ်ဘဝမှာ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေး၊ မိဘတွေရဲ့သွန်သင်ဆုံးမမှုကလည်း ကြီးပြင်းလာတဲ့ဘဝကို ရိုက်ခတ် ပုံဖော်ပေးနိုင်တာကို သတိပြုသင့်ပါတယ်။

ဒီစာကိုဖတ်ရှု့သူ စာဖတ်မိတ်ဆွေများအပြုသဘောဆောင်ခြင်းဖြင့်သာဖတ်ရှု့ပါ။တချို့မောင်နှမတွေမှာ အကြီးနဲ့အငယ်ကသဘော ထားကွဲလွဲမှု့တွေရှိတက်ပါတယ်။

စာသားနဲ့ကိုက်ညီတဲ့ မောင်နှမတွေရှိသလို စာသားနဲ့မကိုက်ညီတဲ့ မောင်နှမ တွေလဲရှိတက်ပါတယ်။ဘယ်လိုဘဲဖြစ်ဖြစ် မောင်နှမတွေထဲမှာ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အပြန်အလှန် မေတ္တာထားသဘောထား ကြီးအောင်လို့ ဒီစာလေးဖြင့်စုတောင်းပေပါရစေ စာသားလေးမှာအမှားပါတာရှိရင် ခွင့်လွှတ်ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ

စာစောင်လေးကို နှစ်သက်တယ်ဆိုရင်
SHARE လိုက်ပါဦးနော်။
Credit -GandaWinMagazine
Sharing by-MT Star