Knowledge Sharing Uncategorized ဗဟုသုတ

ဘယ်တော့မှ မမုန်းသင့်တဲ့လူ ၄ မျိုး

ဘယ်တော့မှ မမုန်းသင့်တဲ့လူ ( ၄ ) မျိုး

၁။ မိဘ

မိဘဆိုတာ ကိုယ့်ဘဝရဲ့ အရေးအကြီးဆုံးသော သူတွေ ဖြစ်ပါတယ်။ မိမိရဲ့ကျေးဇူးရှင် မိဘတွေကို ဘယ်တော့မှ မမုန်းသင့်ပါဘူး။ မုန်းဖို့စိတ်တောင် မတွေးမိပါစေနဲ့။

၂။ ကျေးဇူးရှင်

မိမိဘဝမှာ ကျေးဇူးရှင်တွေ ရှိပါလိမ့်မယ်။
သူတို့ဟာ သင့်ဘဝအတွက် လက်ရှိအချိန် ကောင်းချင်မှ ကောင်းမယ် ဆိုးချင်လည်း ဆိုးနေမယ်။ ဒါပေမယ့် သူတို့ကိုတော့ မမုန်းမိပါစေနဲ့။ကျေးဇူးရှင်ကို ကျေးဇူး မဆပ်ချင်လည်း ရပါတယ် ကျေးဇူးမကန်းမိအောင်ဂရုစိုက်ပါ။

၃။ မိမိကိုချစ်ခင်သောသူများ

မိမိကိုယ် ချစ်ခင်နေသော သူတွေပတ်ဝန်းကျင်မှာ ရှိပါလိမ့်မယ်။ ကိုယ့်အပေါ်မှာ ဘာအမှားမှ မလုပ်ဘဲ သူတို့ကို အလိုလို စိတ်ကနေ မုန်းတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။

၄ ။ စိတ်ထားမြင့်မြတ်တဲ့ သက်ကြီးသူတွေ

စိတ်ထားမြင့်မြတ်တဲ့ သက်ကြီး ရွယ်ကြီးတွေကို ရိုသေလေးစားမှု မရှိရင်တောင် မိုက်ရိုက် မုန်းတီးတဲ့ စိတ်မျိုးကို စိတ်ကနေဖယ်ရှားပေးပါ။ကြည့်မရ မလို မုန်းတီးတာတွေ မဖြစ်ပါစေနဲ့။

၅။ ကိုယ်အပေါ် ကောင်းတာကို ကိုယ်က ပြန်ပြီး မတုန့်ပြန်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။

credit-Original Writer
Sharing by-MT Star