Knowledge Sharing ဗဟုသုတ

လိမ္မာရတာ သိပ်ပင်ပန်းလွန်းတယ်

လိမ္မာတဲ့ သူ တစ်ယောက်ဖြစ်ဖို့ဆိုတာ

​ပြန်ပြောချင်တဲ့ စကားတွေ ​မြိုသိပ်ထားရတယ်။လုပ်ချင်တဲ့ အလုပ်တွေ လျစ်လျူရှု ထားရတယ်။သွားချင်တာ စားချင်တာ လုပ်ချင်တာ ပြောချင်တာ မေးချင်တာ ဖြစ်ချင်တာ စ တဲ့အစစအရာရာ ကို လျစ်လျူရှုပစ်ရတယ် မြိုသိပ်ထားရတယ်။

နောက်ပြီး ကိုယ့်ကိုယ်ကို မပိုင်တဲ့ အထဲမှာလိမ်မာတဲ့ ကလေးတွေလည်း ပါတယ်။ကိုယ်ပြောလိုက်တဲ့ စကားကြောင့် လူတွေ တစ်မျိုး ထင်မလား……။

ကိုယ်လုပ်လိုက်တဲ့ အရာတစ်ခုကြောင့် ဒုက္ခများတွေ့သွားကြမလား……။စတဲ့ အတွေးတွေကနေ တစ်ဆင့် ကို့ကိုယ်ကို ကန့်သတ်မှုတွေ ဖြစ်လာပြီး လုပ်ပိုင်ခွင့်တွေ ဆုံးရှုံး ကြရတယ်…….။

ဒါ​ကြောင့် ကလေးတစ်ယောက်ကို လိမ်မာပါတယ် လိမ်မာပါတယ် ဆိုတဲ့ စကားတွေအတွင်တွင် သုံးပြီး သူတို့ရဲ့ လွတ်လပ်ခွင့်တွေ လုပ်ပိုင်ခွင့်တွေကို အဟန့်အတား မဖြစ်စေပါနဲ့။

လိမ်မာတဲ့ ကလေး တွေကို ကြည့်လိုက်ရင် မထုံတစ်တေး ဖြစ်နေတာကို တွေ့ရတယ်။ခံစားလွယ်ကြတာကို တွေ့ရတယ်။ အယုံလွယ်တာကို တွေ့ရတယ်။ စိတ်ဓာတ်ကျလွယ်တာကိုတွေ့ရတယ်…..။

ဒါကြောင့် ကျွန်တော် ပြောချင်တာလေးက
တိုတောင်းလှတဲ့ ဘဝလေးမှာ လူငယ်ဘဝရဲ့ လွတ်လပ်ပိုင်ခွင့်ကို ရသင့်သလောက် ယူပါ။

လိမ္မာသင့်သလောက် လိမ္မာပြီး ဆိုးသင့်သလောက် ဆိုးပါ။ ဆိုးသင့်သလောက် ဆိုးမှ မှားသင့်သလောက် မှားမှာ……..။မှားသင့်သလောက် မှားမှ သင်ခန်းစာ ဆိုတာ မျိုးကို ယူတတ်မှာပါ……။

Credit-Original Writer
Sharing by-MT Star