မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး မြန်မာနိုင်ငံကို ဘယ်နှစ်ကြိမ်ကြွခဲ့ပါသလဲ
မသိသေးဘူးဆိုရင် ဖတ်ကြည့်လိုက်တော့နော်
၁။ပထမအကြိမ်
မဟာသက္ကရာဇ် (၁၀၄) ခုနှစ် ဒုတိယဝါ သက်တော် ၃၆ နှစ်တွင် ဖိုးဦးတောင် ( ပြည်မြို့အနီး ) သို့ကြွချီတော်မူသည်။
ပြည်ရွှေဆံတော် စေတီပေါ်ထွန်းခဲ့သည်။

၂။ဒုတိယအကြိမ်
မဟာသက္ကရာဇ် ( ၁၁၁ )ခုနှစ် ဝါတော်( ၈ ) ဝါ သက်တော် ၄၃ နှစ်တွင် သုဝဏ္ဏဘုမ္မိ သထုံပြည်သို့ ရဟန္တာအရှင် ဂဝံပတိမထေရ်၏ ပင့်လျှောက်ချက်အရ
ရဟန္တာ ( ၅၀၀ )တို့ နှင့်အတူ ကြွချီတော်မူသည်။
ကျိုက်ထီးရိုးစေတီ ပေါ်ထွန်းခဲ့သည်။

၃။တတိယအကြိမ်
မဟာသက္ကရာဇ် (၁၁၃) ခုနှစ် ဝါတော် (၁၀) ဝါ သက်တော် ၄၅ နှစ်တွင် ရခိုင်ပြည်သို့ ရဟန္တာ ( ၅၀၀ ) နှင့်အတူ ကြွချီတော်မူခဲ့သည်။
မဟာမြတ်မုနိအပါအဝင် မုနိလေးဆူ ပေါ်ထွန်းခဲ့သည်။

၄။စတုတ္ထအကြိမ်
မဟာသက္ကရာဇ် (၁၂၃ ) ခုနှစ် ဝါတော် (၂၀) ဝါ သက်တော် (၅၅)နှစ်တွင် သုနာပရန္တတိုင်းသို့ ကြွချီတော်မူသည်။
မန်းရွှေစက်တော်ခြေတော်ရာများကိုးကွယ်ရန် ချထားတော်မူခဲ့သည်။

၅။ ပဉ္စမအကြိမ်
မဟာသက္ကရာဇ် (၁၃၆) ခုနှစ်ဝါတော် (၃၃) ဝါ သက်တော် ၆၈ နှစ်တွင် တကောင်းပြည်သို့ ကြွချီတော်မူသည်။
ဟန်လင်းကြီးစေတီ ပေါ်ထွန်းခဲ့သည်။

(စာကိုး။ ။ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ မြန်မာ့ဗဟုသုတ(၁၀၀)ထဲမှ)
Credit original writer