Daily Mail သတင်းရဲ့ဖော်ပြချက်အရ ရုရှားနိုင်ငံ Leningrad ဒေသက နာတာရှည်ဆေးရုံတစ်ခု မီးလောင်ကျွမ်းခဲ့မှုတွင် သူရဲကောင်းခွေးလေးတစ်ကောင်က ပြေး၀င်နှိုးဆော်ခဲ့တာကြောင့် လူနာလေးယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

အဆိုပါခွေးလေးရဲ့ နာမည်ကတော့ Matilda ဖြစ်ပြီး ကိုယ်ဝန်ဆောင်ထားတဲ့ခွေးလေးတစ်ကောင်လည်း ဖြစ်ပါတယ်။ မီးလောင်မှုဖြစ်စဥ်တွင် ခွေးလေး Matilda ရဲ့နှိုးဆော်မှုကြောင့် မီးသတ်သမားများက လူနာလေးယောက်ကို အချိန်မှီ အန္တရာယ်ကင်းစွာ ကယ်တင်ထုတ်နိုင်ခဲ့ပါတယ်။

ခွေးလေး Matilda ကိုတော့ စေတနာ့၀န်ထမ်းများဖြစ်တဲ့ Elena Kalinina နဲ့ Alexander Tsinkevich တို့က ကယ်တင်ခဲ့ပေမယ့်လည်း မီးခိုးငွေ့တွင်ပါဝင်တဲ့ carbon monoxide အဆိပ်ဓာတ်ငွေ့များကို ရှူမိခဲ့ပြီး မီးလောင်ဒဏ်ရာများ ရရှိခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ St Petersburg က တိရိစ္ဆာန်စောင့်ရှောက်သူများကလည်း သူရဲကောင်းခွေးလေးကို ကယ်တင်ရန် အပြင်းအထန်ကြိုးစားခဲ့ကြပါတယ်။ ကိုယ်ဝန်ဆောင်ခွေးလေး Matilda ဟာ မျက်နှာ၊ လည်ပင်းနဲ့ ဗိုက်တွေမှာ ပြင်းထန်တဲ့ဒဏ်ရာကြောင့် တဆတ်ဆတ်တုန်နေခဲ့ပေမဲ့ အရာအားလုံးကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်လို့ သတင်းထောက်များက ဆိုပါတယ်။

Matilda လေးကို သူ့ရဲ့တိရိစ္ဆာန်အထူးကုဆရာဝန်က ကုသပေးခဲ့ပြီး မျက်နှာ လည်ပင်းနဲ့ ဗိုက်က အပြင်းအထန်လောင်ကျွမ်းသွားခဲ့ပေမဲ့ သူရဲ့ကိုယ်ဝန်ဆောင်ထားတဲ့ ကလေးတွေကိုတော့ ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။

ဆရာဝန်က “ခွေးလေး Matilda ရဲ့ ကလေးတွေဟာ ကောင်းကောင်းမွန်မွန် အသက်ရှင်ကြီးပြင်းနေကြပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က အကြီးကြီးဖြစ်တဲ့အတွက်ကြောင့် မယုံနိုင်လောက်အောင် ကလေးတွေလည်း အများကြီးကိုယ်ဝန်ဆောင်ထားပါတယ်။ ဒါပေမဲ့ Matilda လေးဟာ သူ့ရဲ့ဒဏ်ရာကြောင့် သူရဲ့ကလေးတွေကိုတော့ နို့တိုက်နိုင်မှာ မဟုတ်တော့ပါဘူး” လို့ ဆိုခဲ့ပါတယ်။
အခုချိန်မှာတော့ ခွေးလေး Matilda ဟာ ပြင်းထန်းသော ဝေဒနာဆိုးမှ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ပါတယ်။
Matilda ကို ကယ်တင်ခဲ့သော စေတနာ့၀န်ထမ်း Elena Kalinina နဲ့ Alexander Tsinkevich

Matilda ကို ကယ်တင်ခဲ့သော စေတနာ့၀န်ထမ်း Elena Kalinina

Matilda ကို ကယ်တင်ခဲ့သော စေတနာ့၀န်ထမ်း Alexander Tsinkevich
Credit-megaquiz
Unicode
ခွေးလေးတစ်ကောင်ဟာ မီးလောင်နေတဲ့အခန်းထဲ ပြေးဝင်နှိုးဆော်ခဲ့ခြင်းကြောင့် လူနာများကိုကယ်ဆယ်နိုင်ခဲ့