အမေဖြစ်သူထားသွားပြီးနောက် လေဖြတ်နေတဲ့အဖေကို ကိုယ်တိုင်လုပ်ကျွေးပြုစုနေခဲ့တဲ့ ၇နှစ်အရွယ်ကလေးငယ်
အသက် ၇ နှစ်အရွယ်ရှိ Yanglin အမည်ရတဲ့ ကလေးလေးဟာ ရွေးချယ်စရာလမ်းမရှိပဲ၊ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့
ခန္ဓာကိုယ်မလှုပ်ရှားနိုင်တဲ့ ဖခင်ဖြစ်သူကို ကျွေးမွေးပြုစုနေရတာဖြစ်ပါတယ်။ ဖခင်ဖြစ်သူ အသက် ၃၇ နှစ်အရွယ်ရှိ Tongming ဟာ

သူအလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ ပြုတ်ကျပြီး နံရိုးနဲ့ ကျောရိုးမကြီးအပါအဝင် အရိုးတွေကျိုးအက်ခဲ့တာကြောင့်
ခန္ဓာကိုယ်အောက်ပိုင်းမလှုပ်ရှားနိုင်ဘဲ အိပ်ရာထဲမှာသာ လှဲပီး အချိန်ကုန်နေရသူပါ။
တစ်နှစ်ကြာတဲ့အထိ Tongming ရဲ့ ခန္ဓာကိုယ်ဟာ မလှုပ်ရှားနိုင်သေးတဲ့အခါ ဇနီးဖြစ်သူက စွန့်ခွာသွားပါတော့တယ်။ ဘေးနားမှာ
အဖေဖြစ်သူကို မထားသွားနိုင်ဘဲ ဆက်ပြီးပြုစုဖို့နေခဲ့တာကတော့ Yanglin လေးပါ။ Yanglin လေးဟာ အဖေဖြစ်သူကို အရမ်းချစ်ပြီး

အဖေမရှိဘဲ သူမနေနိုင်ဘူးလို့ပြောခဲ့ပါတယ်။
Yanglin လေးဟာ မနက် ၆ နာရီမှာအိပ်ရာထ၊ ပြီးရင် သူ့အဖေကိုဆေးထည့်ပေး၊ မနက်စာကျွေးပြီးတာနဲ့ ကျောင်းကိုသွားပါတယ်။
နေ့လည်စာခဏတာစားပြီးတာနဲ့ အိမ်ပြန်လာပြီး အဖေဖြစ်သူကို နေ့လည်စာကျွေးပါတယ်။ Yanglinလေးဟာ သူတို့နေထိုင်ရာ
Guizhouပြည်နယ်၊ Wangpuရွာမှာ ပစ္စည်းအတိုအစလေးတွေ ကောက်ပြီး ပြန်ရောင်းပါတယ်။ အဲအတွက် တစ်နေ့တာ ယွမ်၂ဝရပါတယ်။
ဖခင်ဖြစ်သူ Tongming ကတော့ ဝင်ငွေမရှိပေမယ့် အစိုးရထောက်ပံငွေ တစ်လကို ယွမ်၃ဝဝရပါတယ်။ သူတို့သားအဖကို

အိမ်နီးချင်းတွေက အမြဲကူညီပေးပြီး အစားအသောက်၊ ငွေကြေး စသဖြင့် တတ်နိုင်သလောက် ထောက်ပံကြပါတယ်။
Tongming ဟာ ဝင်ငွေမရှာနိုင်ဘဲ သားငယ်လေးဖြစ်သူကို ဒုက္ခပေးနေမိတဲ့ သူ့ဘဝကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ကိုသိပ်ချစ်
တဲ့ သားငယ်လေးရယ်၊ သားငယ်လေးမိဘမဲ့ဖြစ်ရမှာကို မလိုလားတဲ့အတွက် ထိုအကြံအစည်ကို လက်လျှော့ခဲ့ရတယ်လို့ဆိုပါတယ်။
Source : viral4real
crd original writer
Unicode