အနာဂတ်က ချစ်ဇနီးလောင်းထံသို့
ရှာဖွေရသမျှ မင်းကိုအပ်တဲ့အခါ လိုအပ်တာကိုစီမံပါ။ မင်း အနားယူဖို့လိုတဲ့အခါ ခံတွင်းမြိန်အောင် ချက်ကျွေးဖို့ကိုယ် ဟင်းချက်နည်းတွေ သင်ထားတယ်။
မင်း နေမကောင်းဖြစ်တဲ့အခါ စနစ်တကျပြုစုဖို့သူနာပြုနည်းတွေလေ့လာထားတယ်။ မင်းစိတ် ကောက်နေတဲ့အခါမျက်နှာကလေးကြည်လင်ဖို့ ဟာသလေးတွေ ကိုယ်ပြောမယ်။
မင်း နွဲ့ဆိုးဆိုးဖို့ ချဉ်ခြင်းတက်တဲ့အခါ ကိုယ်အလုပ်ပြန်ချိန်ထိစိတ်ရှည်ရှည်နဲ့ စောင့်ပေးပါ။မင်း ဒေါသူပုန်ထတဲ့အခါ ခန္ဓီစနဲ့ခုခံဖို့ကိုယ့်ဘက်ကတော့ ပြင်ထားတယ် ။
မင်း နားထောင်ချင်တဲ့အခါ ဓာတ်ပြားခေတ်မှသည် ဂျီဖတ်ခေတ်အထိသီချင်းကောင်းလေးတွေ ဆိုပြမယ် ။မင်း မနာလိုသဝန်တို မဖြစ်ဖို့ရာယောက်ျား ကောင်းတို့စိတ်ထားနဲ့ မနောသုံးပါးလုံး ကာမေသုကိုစောင့်ထိန်းမယ် ။
အလှူမင်္ဂလာပွဲသွားတဲ့အခါ မင်း လှသထက်လှနေဖို့ အလှပြင်ဆိုင်ကို ပို့ပေးမယ် ။အိမ်မှာနေရင်းလိမ်းတဲ့အခါ မင်းသိပ်ကြိုက်တဲ့ မြိုင်သနပ်ခါး ဝါညက်ညက်လေး ဝယ်ပေးမယ် ။
ကိုယ့်အိမ်ထောင်ရေး သာယာဖို့ မင်းရောကိုယ်ပါ သစ္စာတရားနဲ့တည်ဆောက်မယ် ။ကလေးလေးတွေ ရတဲ့အခါ ကိုယ်ပါ ကူချော့သိပ်ဖို့ ပုံပြင်တွေလည်း ကျက်ထားတယ် ။သားကောင်းရတနာ ဖြစ်ဖို့ရာပညာရေးနဲ့မြှောက်စားပြီး ဘာသာတရားနဲ့ထိန်းကျောင်းမယ် ။
ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ မင်းဘေးကနေအမြဲ ပါရမီဖြည့်ပေးမယ် ။မင်းဆီကနေ တောင်းဆိုချင်တာ တစ်ခုတည်းပါ ကိုယ့်မေမေကို ကိုယ်ချစ်သလိုချစ်ပေးပါ ။
Credit-Original Writer
Sharing by-MT Star