International News

လက်နှစ်ဖက်မရှိပေမယ့်လည်း မိခင်ကြီးကို လုပ်ကျွေးပြုစုနေသူ

လက်နှစ်ဖက်မရှိပေမယ့်လည်း မိခင်ကို လုပ်ကျွေးပြုစုနေသူ

အများတကာလို ဘဝနာလိုက်တာလို့အော်ဖို့တောင် သူ့မှာအချိန်မရှိပါဘူး။ အားကိုးရာမဲ့နေတဲ့မိခင်ဖြစ်သူကို လုပ်ကျွေးဖို့ စားဝတ်နေရေးအတွက် ကိုယ်ကိုယ်တိုင်ရှာစားရမှဖြစ်မယ်ဆိုတာကို နားလည်သဘောပေါက်ထားသူမို့ပါ။

သူကတော့ အသက် ၄၈နှစ်အရွယ်ရှိ တရုတ်ပြည်က Chen Xing yin Chongqingအမည်ရ လယ်သမားတစ်ဦးဖြစ်ပါတယ်။

အသက်၉၁နှစ်အရွယ်ရှိသူ့ရဲ့မိခင်ဟာ ရောဂါဝေဒနာကြောင့် အိပ်ရာထဲမှာပဲလဲနေပြီး ဘာမှမလုပ်နိုင်တဲ့အနေအထားမှာ Chen ဟာ သူများ
အကူအညီမယူဘဲ သူ့လယ်သူကျောင်းပြီး ဝင်ငွေရှာကာ မိခင်ဖြစ်သူကိုလည်း ပြုစုစောင့်ရှောက်နေသူဖြစ်ပါတယ်။

သူဟာ မိသားစုရဲ့သားအငယ်ဆုံးဖြစ်ပြီး သူ့ရဲ့လက်တွေကိုတော့ အသက်ခုနစ်နှစ်အရွယ်မှာ မတော်တဆမှုတစ်ခုကြောင့် ဆုံးရှုံးခဲ့ရတာ
ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘဝကိုအရှုံးမပေးတဲ့ Chenဟာ လက်တွေမရှိပေမယ့် သာမန်လူတစ်ယောက်လို ကိုယ်တိုင်ရပ်တည်နိုင်အောင်ကြိုးစားခဲ့ပါတယ်။

ပုံတွေမှာကြည့်မယ်ဆိုရင် Chenရဲ့ခြေထောက်တွေဟာ သာမန်လူတစ်ယောက်ရဲ့လက်တွေထက် ပိုတောင်အသုံးဝင်ပြီး အလုပ်လုပ်နိုင်ပုံပါပဲ။

ခရက်ဒစ်