အဆီဖုတွေထပ်မပေါက်တော့အောင်
ဒါလေးတွေလည်းလုပ် Skin care လည်း ခနခနမပြောင်းနဲ့( တည့်နေရင်မပြောင်းနဲ့တော့)
ဘာတွေ လုပ်သင့်လဲ?ဒီအချက်သေးသေးလေးတွေကို လိုက်နာကြည့်ပါ
၁. ရေများများသောက်ပါ.
၂. ဝမ်းမချုပ်စေပါနဲ့
၃. အဆင်ပြေနေတဲ့ Skincare ကို ခဏခဏ မပြောင်းချင်ပါနဲ့
၄. တစ်ပတ်တစ်ခါ ခေါင်းအုံးစွပ်လေး လဲပေးပါ
၅. ဖုန်း screen ကို အရက်ပြန်လေးနဲ့ တစ်နေ့တစ်ခါ သန့်ရှင်းပေးပါ
၆. မျက်နှာ ကို လက်နဲ့ ခဏခဏ မထိပါနဲ့
၇. မိတ်ကပ် ဖျက်ဖို့ မပျင်းပါနဲ့ ( မိတ်ကပ်ဖျက်ဆေးဖြင့်)
၈. အလွန် ငန်,စပ်,ချို သောအစာတွေ ရှောင်ပါ,ခေါက်ဆွဲခြောက်ရှောင်ပါ
၉. ဆံပင် စည်းထားပါ
၁၀. Skincare မလိမ်းဘဲ မိတ်ကပ် လုံးဝ မလိမ်းပါနဲ့
၁၁. အိပ်ရေးမပျက်စေပါနဲ့
ပြောချင်တာက အဆီဖုတွေ ဝက်ခြံတွေ မပေါက်ဖို့အတွက်ဆိုရင် Skincare ချည်း လုပ်ယူနေလို့မရပါဘူး. လူနေမှုဘဝ ပါပြောင်းလဲပစ်ရပါမယ်.အစားအသောက်၊အနေအထိုင်၊ အဓိက ကျန်းမာရေးလိုက်စားဖို့ သိပ်ကို အရေးကြီးတာပါ။
အခု ရေးပေးတဲ့ အချက်တွေကိုလည်း လိုက်နာ, အစား အသောက် လည်းရှောင်, Skincare လေး သေချာမှန်မှန် လုပ်ပေးမယ်ဆိုရင် အဖုတွေ ကင်းတဲ့ မျက်နှာ ကို မကြာခင် ပိုင်ဆိုင်ရမှာပါ။
Credit-Dr Aye Min Htoo
Credit Photo