Local News

ကျွန်းစုမြို့၌ ဝေလငမန်း ငါးကြီးတစ်ကောင် သေဆုံး၍ တာ၀န်ရှိသူများ သွားရောက်စစ်ဆေး

Unicode

ကျွန်းစုမြို့၌ ဝေလငမန်း (ဒေသအခေါ် ဝစီပျောက်) ငါးကြီးတစ်ကောင် သေဆုံးခဲ့၍ တာဝန်ရှိသူများ သွားရောက်စစ်ဆေး

ကျွန်းစု၊ ဒီဇင်ဘာ (၁၈) တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ ဝဲကျွန်း ကျေးရွာ၊ ပဲ့ကလက်အလုပ်စခန်း အနီးတွင် ဝစီပျောက် ငါးကြီးတစ်ကောင် သေဆုံးကာ ရေပေါ်မျောနေကြောင်း ဒီဇင်ဘာ (၁၆) ရက်နေ့၊ ညပိုင်းက ဒေသခံ တစ်ဦးမှ သတင်းပေးပို့လာခဲ့၍ ကျွန်းစုမြို့နယ်၊ ငါးလုပ်ငန်း ဦးစီးဌာန၊ ဌာနမှူး ဦးညီညီလင်းထွဋ်နှင့် တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

သေဆုံးနေသောငါးသည် ဝဲကျွန်းကျေးရွာနှင့် ရေမိုင် (၀ ဒသမ ၅) မိုင်ခန့် အကွာတွင် ရှိသော ပဲ့ဂလက်အလုပ်စခန်းအနီးရေပြင်တွင် ပြင်ပလက္ခဏာ စစ်ဆေးတွေ့ရှိချက်အရ ဦးခေါင်းနောက် ကျောပြင်အပိုင်းတွင် ရှစ်လက်မခန့်ရှိ တစ်စုံတစ်ခုနှင့် ထိုးခွဲထားသော ဒဏ်ရာတစ်ချက်တွေ့ရှိရပြီးလွန်ခဲ့သော (၆) ရက်ခန့်က သေဆုံးခြင်း ဖြစ်နိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးညီညီလင်းထွဋ်က ပြောသည်။

အဆိုပါ ငါးကို ဝဲကျွန်းရွာအနီး သင်္ချိုင်းတောင်ကျွန်းသို့ ဆွဲယူစစ်ဆေးခဲ့ရာ အရှည် (၂၆) ပေ၊ လုံးပတ် (၁၂) ပေခန့် ရှိသော ဝေလငမန်း (Whale Shark) မျိုးနွယ်ဟု ခန့်မှန်းရ (ဒေသအခေါ် ဝစီပျောက်ငါး) အမတစ်ကောင်ဖြစ်ပြီး ၎င်းကျွန်းရှိ သဲသောင်ကမ်းခြေ၌ ဒီရေကျချိန်တွင် စနစ်တကျ မြေမြှုပ်ခဲ့ကြောင်း သိရသည်။

Credit-Original Uploader
Credit-Photo

Zawgyi

ကြၽန္းစုၿမိဳ႕၌ ေဝလငမန္း (ေဒသအေခၚ ဝစီေပ်ာက္) ငါးႀကီးတစ္ေကာင္ ေသဆုံးခဲ့၍ တာဝန္ရွိသူမ်ား သြားေရာက္စစ္ေဆး

ကြၽန္းစု၊ ဒီဇင္ဘာ (၁၈) တနသၤာရီတိုင္းေဒသႀကီး၊ ကြၽန္းစုၿမိဳ႕နယ္၊ သဲေခ်ာင္းေက်း႐ြာအုပ္စု၊ ဝဲကြၽန္း ေက်း႐ြာ၊ ပဲ့ကလက္အလုပ္စခန္း အနီးတြင္ ဝစီေပ်ာက္ ငါးႀကီးတစ္ေကာင္ ေသဆုံးကာ ေရေပၚေမ်ာေနေၾကာင္း ဒီဇင္ဘာ (၁၆) ရက္ေန႕၊ ညပိုင္းက ေဒသခံ တစ္ဦးမွ သတင္းေပးပို႔လာခဲ့၍ ကြၽန္းစုၿမိဳ႕နယ္၊ ငါးလုပ္ငန္း ဦးစီးဌာန၊ ဌာနမႉး ဦးညီညီလင္းထြဋ္ႏွင့္ တာဝန္ရွိသူမ်ားမွ သြားေရာက္ စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ေသဆုံးေနေသာငါးသည္ ဝဲကြၽန္းေက်း႐ြာႏွင့္ ေရမိုင္ (၀ ဒသမ ၅) မိုင္ခန႔္ အကြာတြင္ ရွိေသာ ပဲ့ဂလက္အလုပ္စခန္းအနီးေရျပင္တြင္ ျပင္ပလကၡဏာ စစ္ေဆးေတြ႕ရွိခ်က္အရ ဦးေခါင္းေနာက္ ေက်ာျပင္အပိုင္းတြင္ ရွစ္လက္မခန႔္ရွိ တစ္စုံတစ္ခုႏွင့္ ထိုးခြဲထားေသာ ဒဏ္ရာတစ္ခ်က္ေတြ႕ရွိရၿပီးလြန္ခဲ့ေသာ (၆) ရက္ခန႔္က ေသဆုံးျခင္း ျဖစ္နိုင္ေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနမႉး ဦးညီညီလင္းထြဋ္က ေျပာသည္။

အဆိုပါ ငါးကို ဝဲကြၽန္း႐ြာအနီး သခၤ်ိဳင္းေတာင္ကြၽန္းသို႔ ဆြဲယူစစ္ေဆးခဲ့ရာ အရွည္ (၂၆) ေပ၊ လုံးပတ္ (၁၂) ေပခန႔္ ရွိေသာ ေဝလငမန္း (Whale Shark) မ်ိဳးႏြယ္ဟု ခန႔္မွန္းရ (ေဒသအေခၚ ဝစီေပ်ာက္ငါး) အမတစ္ေကာင္ျဖစ္ၿပီး ၎ကြၽန္းရွိ သဲေသာင္ကမ္းေျခ၌ ဒီေရက်ခ်ိန္တြင္ စနစ္တက် ေျမျမႇုပ္ခဲ့ေၾကာင္း သိရသည္။

Credit-Original Uploader
Credit-Photo