ထူးဆန်း တဲ့ ဖြစ်တည်မှု နဲ့ နေထိုင်နေရတဲ့မိန်းကလေး တစ်ဦးဟာ ဖိလစ်ပိုင်နိုင်ငံအတွင်း မှာ ရှိနေတာတွေ့ရပါတယ် ။
ထိုမိန်းကလေးကတော့ ဖိလစ်ပိုင်နိုင်ငံ lligan City မှာနေထိုင်တဲ့ Veronica Cominguez ဖြစ်ပြီး အသက် ၁၄ နှစ်သာ ရှိသေးတဲ့ ကျောင်းသူလေးတစ်ဦးပါ။
သူမကတော့ မွေးထဲကနေ ခန္ဓာကိုယ်ပေါ်မှာ ကပ်ပါး အမြွှာလေး ပါလာခဲ့ပါတယ်။ငယ်စဉ် အခါကတော့ ၎င်းကပ်ပါးအမြွှာလေး ကို သာမန်လောက်ပဲလို့ တွေးထားခဲ့ပေမယ့်
အသက်ကြီးလာတဲ့ အချိန်မှာ ထိုကပ်ပါးအမြွှာလေးက တဖြေးဖြေးကြိးလာတဲ့ အတွက် သူမအနေနဲ့ နေရထိုင်ရတာ အရမ်းအခက်အခဲဖြစ်လာခဲ့တယ်လို့သိရပါတယ်။
သူမရဲ့၎င်းကပ်ပါးအမြွှာလေးမှာတော့ လက်မောင်းအပိုနှစ်ခုပါဝင်သလို လက်ချောင်းလေးတွေ လည်း ပေါက်နေ ပါတယ် ။ဒါ့အပြင် ၎င်းလက်ချောင်းလေးတွေ ရဲ့ လက်သည်းတွေဟာလည်း မကြာခဏ ရှည်လာတဲ့ အတွက် သူမအနေနဲ့ ခနခနညှပ်ပေးနေရတာပဲဖြစ်ပါတယ်။
သူမအနေနဲ့ လူမှုနေထိုင်မှုဘဝမှာ အရမ်းအဆင်မပြေဖြစ်နေ ပမယ့် ဆင်းရဲနွမ်းပါးလှ တဲ့ အခြေအနေကြောင့် ခွဲထုတ်ဖယ်ရှားနိုင်တဲ့အခြေအနေမှာ မရှိပါဘူး ။
ဒါ့အပြင် စာသင်ကျောင်းမှာဆိုရင်လည်း ခွဲခြားဆက်ဆံခံရတဲ့အခြေအနေတွေ နဲ့ ရင်ဆိုင်နေရတာကြောင့် ၎င်းကပ်ပါး အမြွှာလေး ကို ဖယ်ရှားလိုစိတ် အရမ်းပြင်းပြပေမယ့် မတတ်သာတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရသူလေး တစ်ဦးပဲဖြစ် ပါတယ်။
Credit– The Sum
Credit-Photo