Health Knowledge

ဒူးနာ ကျီးပေါင်း အတွက် လုံး၀ကို ပျောက်ကင်းသွားစေတဲ့ နည်းလမ်းတဲ့ဗျာ

ကိုယ်တွေ့မို့ မျှဝေပါရစေ လွန်ခဲ့တဲ့ ၄ လလောက်ထဲကလမ်းတောင်မလျှောက်နိူင်အောင် နာနေတဲ့ ဒူးကျီးပေါင်းတက်တာအထူးကုနဲ့ပြ/ဆေးမျိုးစုံသောက်/စက်တွေနဲ့လေ့ကျင့်ခန်းလုပ် မပျောက်လို့စိတ်ညစ်နေတာ

သူငယ်ချင်းတစ်ယောက်နဲ့တွေ့ပြီးသူ့ကိုယ်တွေ့ဆိုပြီးညွန်းလို့ မယုံပေမဲ့စမ်းကြည့်လိုက်တာ တပတ်အတွင်းလုံးဝနီးပါးပျောက်သလောက်ဖြစ်သွားလို့ ပြန်လည်မျှဝေပါတယ်။

မူရင်းတင်သူက သူငယ်ချင်း ကိုဇော်ဦးပါ ကိုယ်တွေ့မို့ စမ်းကြည့်စေချင်တယ်။သူငယ်ချင်း ကိုဇော်ဦး ရေးထားတာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

သေချာလို့ကြေငြာပါရစေ၂၀၀၅ကစလို့ဒူးနာခဲ့တာ၂၀၀၈မှာဒူးထဲမှာချောတဲ့လမ်းကြောင်းသိပ်မရှိတော့ဘူးလမ်းတောင်သိပ်မလျောက်ပါနဲ့လို့profကပြောတယ်။

၆/ ၈ / ၂၀၁၈ ရက်နေ့ကမတွေ့တာနှစ်ပေါင်း ၄၀ကျော်ကြာပြီဖြစ်တဲ့ သူငယ်ချင်း သင်္ချာပါမောက္ခကိုဝင်းဆွေ(အငြိမ်းစား) ပေးတဲ့ဆေးနည်း၆/၈/၁၈နေ့မှာဘဲစလိမ်းတာကနေ့၇၅%လောက်ကောင်းနေပါပြီ

သူငယ်ချင်းကတော့လည်ပင်းကြီးပေါင်းဇက်လိမ်နေတဲ့အဆင့်ကို ၄၅ ရက်နဲ့ပျောက်ခဲ့တယ်လို့ နုတ်ပြောလေးနဲ့မျှဝေလို့ ၃. ၄ ဦးလောက်လဲအဆင်ပြေနေကြပြီ။ဝေဒနာရှိနေရင်ကောင်းစေချင်လို့ထပ်ဆင့်ဖြန့်ဝေတာပါ

ဆေးနည်းကအရမ်းဈေးသက်သာပါတယ်သုံးကြည့်ပါ။ ရက်ရှည်အကြိမ်များများ လိမ်းဖို့တော့လိုပါတယ်

ကွမ်းစားတဲ့ထုံးနဲ့အုန်းဆီကိုသမအောင်ရောစပ်ပြီးလိမ်းတဲ့နေရာထုံးဖွေးနေဖို့လဲမလိုဘူးထုံးများသွားရင်လဲ ထုံးကအဖတ်လိုက်ကွာထွက်ပါတယ် အုန်းဆီများသွားရင်လဲ အဝတ်အစားတွေဆီပေပါတယ် ချိန်ဆပြီးရောပါအချိုးအစားအစဉ်ပြေသွားရင် ခြောက်သွားပါတယ်

ထုံကိုးမကြီးသီးစေ့ ၅ စေ့စာလောက်ကို အုန်းဆီ ၆ စက်/၇ စက် လောက် ထည့်ရင် အတော်ပါဘဲ နှစ်ခုစပ်ပြီးရင် ဖြစ်တဲ့နေရာကိုအတော်ကြာပွတ်ပေးဖို့တော့လိုပါတယ်။

ဘေးထွက်ဆိုးကျိုးမရှိပါ ထုံးမပေါက်ပါ။ကိုယ်တွေ့ပါ။ စမ်းကြည့်လိုက်ပါ အဆင်ပြေလို့ ကောင်းပါတယ်ဆိုရင် နောက်လူတွေထပ်ညွန်းပေးပါ။အားလုံးသက်သာပျောက်ကင်းကြပါစေ။

ကိုဝင်းဆွေ ကိုကျေးဇူးတင်စွာဖြင့်

credit