International News

နှင်းမုန်တိုင်းဒဏ်ကို အလူးအလဲခံလိုက်ရသည့် ဂျပန်နိုင်ငံ

နှင်းမုန်တိုင်းဒဏ်အလူးအလဲခံလိုက်ရသည့်ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံတွင်ပြင်းထန်သောနှင်းမုန်တိုင်းကြောင့် လူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ကားအစီးပေါင်း ၁၀၀၀ နီးပါးပိတ်မိနေ

ဂျပန်နိုင်ငံမြောက်ပိုင်းရှိ Niigata , Fujiwaraနှင့်အလယ်ပိုင်း Gunma တို့တွင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှစကာ ရာသီဥတုဆိုးရွားပြီးနှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး အဝေးပြေးလမ်းမများပေါ်တွင်ကားအစီရေ ၁၀၀၀ နီးပါးပိတ်မိနေဆဲဖြစ်ကြောင်း Reuters သတင်းတစ်ပုဒ်တွင်ဖောိပြခဲ့ ။

နှင်းမုန်တိုင်းကြောင့် လျှပ်စစ်မီးများပြတ်တောက်ကာ လမ်းမများပေါ်တွင်နှင်းထုမှာ ၇ ပေအထိမြင့်တက်လာခဲ့ပြီး

Minamiuonuma City အနီး Kan -Etsu Expressway လမ်းမကြီးပေါ်တွင် မော်တော်ယာဉ် ၁၀၀၀ နီးပါးပိတ်မိနေတဲ့အတွက် ကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်များနဲ့ အရေးပေါ်သဘာဝဘေူအန္တရာယ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ပိတ်မိနေတဲ့ပြည်သူတွေကိုလိုက်လံကယ်ထုတ်နေကြပါတယ် ။

ဂျပနိုင်ငံဝန်ကြီးချုပ် Yoshihide Suga ကတော့မနေ့က သူ၏အစိုးရတစ်ဖွဲ့လုံးကိုအရေးပေါ် အစည်းအဝေးတစ်ရပ်ခေါ်ယူခဲ့ပြီး အရေးပေါ်ကာလအဖြစ်ကြေညာခဲ့တယ်လို့ဆိုပါတယ် ။

ရာသီဥတုဆိုးရွားနေချိန် ကမ္ဘာ့ ကပ်ရောဂါ Covid -19 တတိယလှိုင်းအတွက်ပြည်သူများအထူးသတိပြုနေထိုင်ကြဘို့လည်းပြောကြားခဲ့ကြောင်းသိရှိရပါတယ် ။

Credit-Original Uploader
Credit-Photo