Cele News ဗဟုသုတ

အောက်မေးရိုးနဲ့ ဘယ် ဘက်နားမပါတဲ့ ကလေးလေးကို မွေးစားလိုက်တဲ့ ခိုင်နှင်းဝေ

အောက်မေးရိုးနဲ့ ဘယ် ဘက်နားမပါတဲ့ ကလေးလေးကို မွေးစားလိုက်တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ ပြည်သူချစ် ရုပ်ရှင်နဲ့သရုပ်ဆောင် မင်းသမီးတစ်ယောက်လဲ ဖြစ်ပါတယ်။သူမကတော့ ပရဟိတ လုပ်ငန်းတွေက််ိုလည်း စွမ်းစွမ်းတမံ ကြိုးစားလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။

သူမကတော့ စွန့်ပစ်ခံရတဲ့ကလေးအများအပြားကိုလည်း သူမရဲ့ သားသမီးရင်းချာသကဲ့သို့ ပြုစုပြိုးထောင်ပေးသောကြောင့် တစ်နိုင်ငံလုံးက ပရိတ်သတ်များကလည်း ဂုဏ်ယူမဆုံးဖြစ်ရတဲ့ မင်းသမီးတစ်လတ်ပဲဖြစ်ပါတယ်နော်။

ယနေ့မှာတော့ ခိုင်နှင်းဝေဟာ အောက်မေးရိုးနဲ့ ဘယ် ဘက်နားမပါတဲ့ ကလေးလေးကို ဂေဟာရဲ့ အယောက်(၄၀)မြောက် အဖြစ် ၁၃ရက်သားသာရှိသေးတဲ့ ကလေးလေးကို မွေးစားလိုက်တာလဲ ဖြစ်ပါတယ်။ခိုင်နင်းဝေကတော့ သူမရဲ့ ဖေ့ဘုတ်ပေ့မှာ အခုလိုပဲ ရေးသားတင်ပြထားတာပဲဖြစ်ပါတယ်

ကျမတို့ “ခိုင်” မိသားစု ဂေဟာရဲ့ အယောက် (၄၀)မြောက် (၁၃)ရက်သား လေးပါရှင်…သားလေးက အောက်မေးရိုးနဲ့ ဘယ်ဘက် နား မပါ ပါ ပါဘူးတဲ့…..အမေက (၁၉)နှစ် ဖြစ်ပီး သမီးရီးစားချင်းလွန်ကြူးမိလို့ ကိုယ်ဝန်ရသွားရင်း မလိုချင်လို့ ဖြတ်ချ ပေမဲ့ မွေးဖွားလာရတဲ့ သားငယ်လေးပါ..

အမေက မွေးမွေးပီးချင်းပဲ ထွက်ပြေးသွားတဲ့ အတွက် ခိုကိုးရာမဲ့ စောင့်ရှေီာက်မဲ့ သူမရှိတော့လို့ ကျမတို့ “ခိုင်” မိသားစု ဂေဟာသို့ ခေါ်ဆောင်မွေးစားလိုက်ပါတယ်ရှင်..

သားငယ်လေး သက်တမ်းစေ့ နေနိုင်ပီး ခွဲစိတ်မှုများ အတွက် ကျမ ရုန်းကန်ကြိုးစားပေးပါမယ်ရှင်…မိန်းကလေးတွေ အားလုံး ဆင်ခြင်နိုင်ပီး တာဝန်ယူသော ယောကျာင်္းကောင်းများ ပဲ ဖြစ်ကြပါစေလို့ ဆုတောင်းရင်း..

Credit-Khine Hnin Wai Fb Page