ဗဟုသုတ

သင့်နှုတ်ခမ်းတစ်စုံက ပြောပြပေးမယ့် သင့်အကြောင်း

Unicode

အောက်တွင်Zawgyi နှင့်ဖတ်ရှုနိုင်ပါသည်။

သင့်နှုတ်ခမ်းတစ်စုံက ပြောပြပေးမယ့် သင့်အကြောင်း

(A) ပါးတဲ့နှုတ်ခမ်း

ပုံမှာပြထားသလို သင့်နှုတ်ခမ်းဟာ ပါးတယ်ဆိုရင် သင်ဟာ ကိုယ်ထူ ကိုယ်ထ နေတတ်ပြီး ဘယ်သူ့ကိုမှ အားမကိုးချင်တဲ့သူ တစ်ယောက်ပါပဲ။ ခုလိုပြောလို့ သင့်ပတ်၀န်းကျင်က သင်နဲ့ပတ်သက်သူတွေကို ကျေးဇူးမတင်တတ်ဘူး၊ မချီးမွမ်းတတ်ဘူးလို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ ဒါမျိုးတွေ သင်တကယ်ကို ပြောဆိုပြုမူတတ်ပါတယ်။ ဒါပေမယ့် သင်ဟာ တစ်ပါးသူရဲ့ အကူအညီကို နည်းနိုင်သမျှ နည်းနည်းသာ လိုချင်သူပါ။ အတတ်နိုင်ဆုံး ကိုယ့်ဘာသာကိုယ် ရပ်တည်ကြိုးစားသူတစ်ယောက်ပါ။ တစ်ခုခုလုပ်ချင်ပြီ၊ ဖြစ်ချင်ပြီဆိုရင် သင့်ကို ဘယ်သူမှ မတားဆီးနိုင်ပါဘူး။ သင်ဟာ Kate Middleton တို့ Beyonce တို့လိုနှုတ်ခမ်းမျိုး ပိုင်ဆိုင်ထားသူပါ။

(B) နှုတ်ခမ်းထူထူပြည့်ပြည့်

ပုံမှာ ပြထားသလို သင့်နှုတ်ခမ်းက ဂျိုလီနှုတ်ခမ်းလို ထူထူပြည့်ပြည့်လေး ဖြစ်နေမယ်ဆိုရင် သင်ဟာ သဘာ၀ကို အလွန်ချစ်မြတ်နိုးသူတစ်ယောက်ပါ။ သင့်သူငယ်ချင်းတွေကတော့ သင်ဟာ သူတို့အထဲမှာ အမေတစ်ယောက်လို အားလုံးကို ဂရုစိုက်ဆက်ဆံတတ်သူ၊ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ တော်တဲ့သူလို့ ထင်မြင်နေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင်ဟာ သူငယ်ချင်းတွေအပေါ် ဘယ်တော့မှ မကောင်းမပြောတတ်၊ မပြူမူတတ်သူမို့ပါ။ သင်ဟာ ကိုယ်ကျိုးမကြည့်ပဲ အခြားသူတွေအပေါ် ကြင်နာကူညီတတ်သူမို့ သင့်ကိုနင်းပြီး သူတို့ကောင်းကျိုးရှာသွားတတ်သူတွေကိုတော့ သတိထားဆက်ဆံဖို့ လိုပါတယ်။

(C) နှင်းဆီပွင့်လွှာလေးလို့ သိပ်လည်းမကြီး သိပ်လည်း မသေးတဲ့နှုတ်ခမ်း

ပုံမှာ ပြထားသလို သင့်နှုတ်ခမ်းက ဘီမှာပြထားတဲ့ ပုံလောက်လည်း ဘေးကားပြီး မပြည့်ဘူး။ အလယ်မှာ စုစုလေးနဲ့ နှင်းဆီပွင့်လွှာလေးလို ဖူးဖူးလေးဆိုရင်တော့ သင်ဟာ မော်ဒယ် Lindsey Wixson လို နှုတ်ခမ်းမျိုး ပိုင်ဆိုင်ထားသူပေါ့။ သင်ဟာ လိုချင်တာကို ရအောင် ယူတတ်တယ်။ သင့်ပင်ကိုယ်အရည်အသွေး၊ အားလုံးကို ဂရုမစိုက်ပဲ နေတတ်တဲ့ အချက်တွေက လူတွေကို ဆွဲဆောင်နိုင်ပါတယ်။ သင်ဟာ တစ်ပါးသူအပေါ် မှီခိုရမှာ မုန်းတတ်ပြီး တစ်ခုခု လုပ်ဆောင်တော့မယ်ဆို သေချာလေး စဉ်းစားတတ်သူဆိုရင်လည်း မမှားပါဘူး။
Credit

Zawgyi

သင့္ႏႈတ္ခမ္းတစ္စုံက ေျပာျပေပးမယ့္ သင့္အေၾကာင္း

(A) ပါးတဲ့ႏႈတ္ခမ္း

ပုံမွာျပထားသလို သင့္ႏႈတ္ခမ္းဟာ ပါးတယ္ဆိုရင္ သင္ဟာ ကိုယ္ထူ ကိုယ္ထ ေနတတ္ၿပီး ဘယ္သူ႕ကိုမွ အားမကိုးခ်င္တဲ့သူ တစ္ေယာက္ပါပဲ။ ခုလိုေျပာလို႔ သင့္ပတ္၀န္းက်င္က သင္နဲ႕ပတ္သက္သူေတြကို ေက်းဇူးမတင္တတ္ဘူး၊ မခ်ီးမြမ္းတတ္ဘူးလို႔ ဆိုလိုတာမ်ိဳး မဟုတ္ပါဘူး။ ဒါမ်ိဳးေတြ သင္တကယ္ကို ေျပာဆိုျပဳမူတတ္ပါတယ္။ ဒါေပမယ့္ သင္ဟာ တစ္ပါးသူရဲ႕ အကူအညီကို နည္းနိုင္သမွ် နည္းနည္းသာ လိုခ်င္သူပါ။ အတတ္နိုင္ဆုံး ကိုယ့္ဘာသာကိုယ္ ရပ္တည္ႀကိဳးစားသူတစ္ေယာက္ပါ။ တစ္ခုခုလုပ္ခ်င္ၿပီ၊ ျဖစ္ခ်င္ၿပီဆိုရင္ သင့္ကို ဘယ္သူမွ မတားဆီးနိုင္ပါဘူး။ သင္ဟာ Kate Middleton တို႔ Beyonce တို႔လိုႏႈတ္ခမ္းမ်ိဳး ပိုင္ဆိုင္ထားသူပါ။

(B) ႏႈတ္ခမ္းထူထူျပည့္ျပည့္

ပုံမွာ ျပထားသလို သင့္ႏႈတ္ခမ္းက ဂ်ိဳလီႏႈတ္ခမ္းလို ထူထူျပည့္ျပည့္ေလး ျဖစ္ေနမယ္ဆိုရင္ သင္ဟာ သဘာ၀ကို အလြန္ခ်စ္ျမတ္နိုးသူတစ္ေယာက္ပါ။ သင့္သူငယ္ခ်င္းေတြကေတာ့ သင္ဟာ သူတို႔အထဲမွာ အေမတစ္ေယာက္လို အားလုံးကို ဂ႐ုစိုက္ဆက္ဆံတတ္သူ၊ ဆုံးျဖတ္ခ်က္ခ်တဲ့ေနရာမွာ ေတာ္တဲ့သူလို႔ ထင္ျမင္ေနပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ သင္ဟာ သူငယ္ခ်င္းေတြအေပၚ ဘယ္ေတာ့မွ မေကာင္းမေျပာတတ္၊ မျပဴမူတတ္သူမို႔ပါ။ သင္ဟာ ကိုယ္က်ိဳးမၾကည့္ပဲ အျခားသူေတြအေပၚ ၾကင္နာကူညီတတ္သူမို႔ သင့္ကိုနင္းၿပီး သူတို႔ေကာင္းက်ိဳးရွာသြားတတ္သူေတြကိုေတာ့ သတိထားဆက္ဆံဖို႔ လိုပါတယ္။

(C) ႏွင္းဆီပြင့္လႊာေလးလို႔ သိပ္လည္းမႀကီး သိပ္လည္း မေသးတဲ့ႏႈတ္ခမ္း

ပုံမွာ ျပထားသလို သင့္ႏႈတ္ခမ္းက ဘီမွာျပထားတဲ့ ပုံေလာက္လည္း ေဘးကားၿပီး မျပည့္ဘူး။ အလယ္မွာ စုစုေလးနဲ႕ ႏွင္းဆီပြင့္လႊာေလးလို ဖူးဖူးေလးဆိုရင္ေတာ့ သင္ဟာ ေမာ္ဒယ္ Lindsey Wixson လို ႏႈတ္ခမ္းမ်ိဳး ပိုင္ဆိုင္ထားသူေပါ့။ သင္ဟာ လိုခ်င္တာကို ရေအာင္ ယူတတ္တယ္။ သင့္ပင္ကိုယ္အရည္အေသြး၊ အားလုံးကို ဂ႐ုမစိုက္ပဲ ေနတတ္တဲ့ အခ်က္ေတြက လူေတြကို ဆြဲေဆာင္နိုင္ပါတယ္။ သင္ဟာ တစ္ပါးသူအေပၚ မွီခိုရမွာ မုန္းတတ္ၿပီး တစ္ခုခု လုပ္ေဆာင္ေတာ့မယ္ဆို ေသခ်ာေလး စဥ္းစားတတ္သူဆိုရင္လည္း မမွားပါဘူး။
Credit