ဗဟုသုတ

မှော်ဖန်လုံးလေးတွေကတစ်ဆင့် သင့်အနာဂတ်မှာ ဘယ်လိုအရာတွေကြုံတွေ့ရမလဲ ခန့်မှန်းပေးမယ်

Unicode

အောက်တွင်Zawgyi နှင့်ဖတ်ရှုနိုင်ပါသည်။

မှော်ဖန်လုံးလေးတွေကတစ်ဆင့် သင့်အနာဂတ်မှာ ဘယ်လိုအရာတွေကြုံတွေ့ရမလဲ ခန့်မှန်းပေးမယ်

နံပါတ် (၁)

သင့်အနေနဲ့ အနာဂတ်မှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာပါ။ ဘယ်လိုအရာတွေက သင့်ကိုစိန်ခေါ်လို့ သင့်ဘက်က ရင်ဆိုင်ရမှာလဲ? အနာဂတ်မှာ ဆက်လက်ရှုစားကြည့်ပေါ့နော်။ သင်ဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ့်အပြင် ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားမယ့် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ရမှာပါ။ ဒါကြောင့် မတွန့်ဆုတ်ပါနဲ့။ ဖြေးဖြေးမှန်မှန်လေးနဲ့ စိတ်အေးအေးထားပြီး ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ အကြံပေးချင်ပါတယ်။ ဒါ့အပြင် သင့်ဘက်က တစ်ခုခုကို အောင်မြင်မှုရချင်တယ်ဆိုရင် အခုထဲက သေချာအာရုံစိတ်ပြီး လုပ်ဆောင်နိုင်မှ အနာဂတ်မှာ အောင်မြင်မှာပါ။ ကိုယ်နဲ့စိတ်တူကိုယ်တူ ဝါသနာတူတဲ့လူတွေနဲ့ ပိုပြီးရင်ဘက်ချင်းနီးအောင် လုပ်ဆောင်ပါ။

နံပါတ် (၂)

သင်ဟာ ဟာသဉာဏ်ရှိပြီး ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ပါ။ သူတစ်ပါးအပေါ် အကောင်းမြင်ပေးတတ်ပြီး ဘယ်အရာကိုမဆို စိတ်အားထက်သန်စွာ အားသွန်ခွန်စိုက် လုပ်ဆောင်တတ်ပါတယ်။ ဘယ်လိုတင်းမာတဲ့ အခြေအနေမျိုးမှာမဆို ပြေလည်သွားအောင် လုပ်ဆောင်နိုင်တဲ့ အရည်အချင်းရှိပါတယ်။ မကြာခင်အချိန်အတွင်းမှာ သင်ဟာ ပြဿနာကြီးတစ်ခုနဲ့ ရင်ဆိုင်ဖို့ အခြေအနေရှိနေပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ သင့်ရဲ့အကောင်းမြင်တတ်တဲ့ စိတ်ကြောင့် ဒီပြဿနာကိုလည်း အေးအေးဆေးဆေး ကျော်လွှားသွားနိုင်မှာပါ။ သင့်ကိုအကြံပေးချင်တာက ဘဝမှာ ဘယ်လိုအခက်အခဲတွေပဲရှိရှိ အပြုံးမပျက်ပဲ အကောင်းဘက်ကနေ အမြဲဖြည့်တွေးပေးပါ။ မိုးရွာပြီးရင် နေသာစမြဲမို့လို့ အခက်အခဲတွေပြီးရင် ပျော်ရွှင်ရမယ့်နေရက်တွေ ရောက်လာမှာပါ။

နံပါတ် (၃)

သင်ဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ကိုယ့်အားကိုယ်ကိုးတတ်တဲ့ လူတစ်ယောက်ပါ။ ဘယ်အရာကမှ သင့်ကိုလွှမ်းမိုး ချုပ်ကိုင်ထားနိုင်စွမ်း မရှိပါဘူး။ ဒါ့အပြင် သင်ဟာ တခြားလူတွေအတွက် မှီခိုအားထားရတဲ့ စွမ်းရည်တွေနဲ့ ပြည့်စုံပါတယ်။ ပြောရရင် မိသားစုအတွက် မှီခိုအားထားရတဲ့လူမျိုး ၊ လုပ်ဖော်ကိုင်ဖက်တွေအတွက် အားကိုးရတဲ့လူမျိုး ၊ လက်အောက်ငယ်သားတွေအတွက် ခေါင်းဆောင်ကောင်းအရည်အချင်းတွေနဲ့ ပြည့်ဝတဲ့လူမျိုး ၊ သူငယ်ချင်းတွေထဲမှာဆိုရင် အနွံ့တာခံတဲ့လူမျိုးပေါ့။ အနာဂတ်မှာ သင်ဟာ သင့်အကြောင်းမသိသေးတဲ့ လူတွေကို သင့်အရည်အချင်းတွေ၊ မလျှော့တဲ့ဇွဲနဲ့ မာကျောတဲ့စိတ်ဓာတ်ကို ပြသနိုင်မယ့် အခြေအနေမျိုးနဲ့ ကြုံလာနိုင်ပါတယ်။

နံပါတ် (၄)

သင်ဟာ အနာဂတ်မှာ သင့်ကိုပင်ပန်းဆင်းရဲစေတဲ့ အတိတ်ကနေ လွတ်မြောက်နိုင်တော့မှာပါ။ အတိတ်က အတိတ်ပါပဲ။ အတိတ်ကဖြစ်ရပ်တစ်ခု ဒါမှမဟုတ် လူတစ်ယောက်ကြောင့် သင့်စိတ်ကို ညှင်းဆဲမနေပါနဲ့တော့။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပြီး စိတ်သစ်လူသစ်နဲ့ ရှေ့ဆက်လျှောက်လှမ်းလိုက်ပါ။ ဒါပေမယ့် ပိုကောင်းမွန်တဲ့ အနာဂတ်သစ်ကို လျှောက်လှမ်းနိုင်ဖို့ သင်ဟာ လက်တလောတော့ လုပ်နေကြအလုပ်တွေကို ခဏရပ်ထားပြီး လူတွေနဲ့အဝေးမှာနေပြီး ကိုယ့်စိတ်ကို အကောင်းဆုံးပြန်တည်ဆောက်နေပါလိမ့်မယ်။ ဥပမာ – အားရပါးရငိုနေတာမျိုး၊ စိတ်တည်ငြိမ်စေမယ့် အရာလေးတွေ လုပ်နေတာမျိုးတို့ဘာတို့ပေါ့။

နံပါတ် (၅)

သင်ဟာ အနာဂတ်ကာလမှာ ပျင်းရိငြီးငွေ့ဖို့ကောင်းတဲ့ လက်ရှိအခြေအနေကနေ ရုန်းထွက်နိုင်မှာဖြစ်ပြီး ပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရပါလိမ့်မယ်။ ဒီပြောင်းလဲမှုတွေက သင့်ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲသွားမှာဖြစ်တဲ့ ကောင်းတဲ့အရာတွေ ဖြစ်နိုင်သလို ဆိုးတဲ့အရာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အကြံပေးချင်တာက ယခုလက်ရှိအခြေအနေမှာ ဘယ်အရာကိုမဆို သေချာစဉ်းစားဆုံးဖြတ်ပြီးမှ လုပ်ဆောင်ပါ။ ဆုံးဖြတ်ထားတဲ့အရာတွေကိုလည်း တွန့်ဆုတ်မနေဘဲ ရဲရဲကြီးလုပ်ဆောင်ပြီး အနာဂတ်အတွက် အစီအစဉ်အသစ်တွေ ချမှတ်ပါ။

နံပါတ် (၆)

သင်ဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး အကောင်းမြင်တတ်တဲ့အပြင် သင့်အတွက် အနာဂတ်မှာ ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ရှိနေမယ်လို့ အမြဲမျှော်လင့်ထားသူ တစ်ယောက်ပါ။ သင်တွေးတာ မှန်ပါတယ်။ မကြာခင်အချိန်အတွင်းမှာ သင့်ထံကို အခွင့်အရေးကောင်းတွေ ရောက်ရှိလာမှာပါ။ ဒါ့အပြင် သင့်အရည်အချင်းတွေကို လူတွေရှေ့မှောက်မှာ ချပြခွင့်ရမှာဖြစ်ပြီး ပညာရပ်အသစ်တွေကိုလည်း လေ့လာဆည်းပူးခွင့်ရမှာပါ။ နောက်တစ်ခုက အချစ်သစ်နဲ့ ဆုံစည်းခွင့်လည်း ရဦးမှာဖြစ်ပါတယ်။

credit to lotaya

Zawgyi

ေမွာ္ဖန္လုံးေလးေတြကတစ္ဆင့္ သင့္အနာဂတ္မွာ ဘယ္လိုအရာေတြႀကဳံေတြ႕ရမလဲ ခန႔္မွန္းေပးမယ္

နံပါတ္ (၁)

သင့္အေနနဲ႕ အနာဂတ္မွာ စိန္ေခၚမႈေတြနဲ႕ ရင္ဆိုင္ႀကဳံေတြ႕ရမွာပါ။ ဘယ္လိုအရာေတြက သင့္ကိုစိန္ေခၚလို႔ သင့္ဘက္က ရင္ဆိုင္ရမွာလဲ? အနာဂတ္မွာ ဆက္လက္ရႈစားၾကည့္ေပါ့ေနာ္။ သင္ဟာ စိန္ေခၚမႈေတြကို ရင္ဆိုင္ရမယ့္အျပင္ ဘဝတစ္ဆစ္ခ်ိဳး ေျပာင္းလဲသြားမယ့္ အေရးႀကီးတဲ့ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ရမွာပါ။ ဒါေၾကာင့္ မတြန႔္ဆုတ္ပါနဲ႕။ ေျဖးေျဖးမွန္မွန္ေလးနဲ႕ စိတ္ေအးေအးထားၿပီး ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ဖို႔ အႀကံေပးခ်င္ပါတယ္။ ဒါ့အျပင္ သင့္ဘက္က တစ္ခုခုကို ေအာင္ျမင္မႈရခ်င္တယ္ဆိုရင္ အခုထဲက ေသခ်ာအာ႐ုံစိတ္ၿပီး လုပ္ေဆာင္နိုင္မွ အနာဂတ္မွာ ေအာင္ျမင္မွာပါ။ ကိုယ္နဲ႕စိတ္တူကိုယ္တူ ဝါသနာတူတဲ့လူေတြနဲ႕ ပိုၿပီးရင္ဘက္ခ်င္းနီးေအာင္ လုပ္ေဆာင္ပါ။

နံပါတ္ (၂)

သင္ဟာ ဟာသဉာဏ္ရွိၿပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့ လူတစ္ေယာက္ပါ။ သူတစ္ပါးအေပၚ အေကာင္းျမင္ေပးတတ္ၿပီး ဘယ္အရာကိုမဆို စိတ္အားထက္သန္စြာ အားသြန္ခြန္စိုက္ လုပ္ေဆာင္တတ္ပါတယ္။ ဘယ္လိုတင္းမာတဲ့ အေျခအေနမ်ိဳးမွာမဆို ေျပလည္သြားေအာင္ လုပ္ေဆာင္နိုင္တဲ့ အရည္အခ်င္းရွိပါတယ္။ မၾကာခင္အခ်ိန္အတြင္းမွာ သင္ဟာ ျပႆနာႀကီးတစ္ခုနဲ႕ ရင္ဆိုင္ဖို႔ အေျခအေနရွိေနပါတယ္။ ဒါေပမယ့္ စိတ္မပူပါနဲ႕။ သင့္ရဲ႕အေကာင္းျမင္တတ္တဲ့ စိတ္ေၾကာင့္ ဒီျပႆနာကိုလည္း ေအးေအးေဆးေဆး ေက်ာ္လႊားသြားနိုင္မွာပါ။ သင့္ကိုအႀကံေပးခ်င္တာက ဘဝမွာ ဘယ္လိုအခက္အခဲေတြပဲရွိရွိ အၿပဳံးမပ်က္ပဲ အေကာင္းဘက္ကေန အၿမဲျဖည့္ေတြးေပးပါ။ မိုး႐ြာၿပီးရင္ ေနသာစၿမဲမို႔လို႔ အခက္အခဲေတြၿပီးရင္ ေပ်ာ္႐ႊင္ရမယ့္ေနရက္ေတြ ေရာက္လာမွာပါ။

နံပါတ္ (၃)

သင္ဟာ စိတ္ဓာတ္ႀကံ့ခိုင္ၿပီး ကိုယ့္အားကိုယ္ကိုးတတ္တဲ့ လူတစ္ေယာက္ပါ။ ဘယ္အရာကမွ သင့္ကိုလႊမ္းမိုး ခ်ဳပ္ကိုင္ထားနိုင္စြမ္း မရွိပါဘူး။ ဒါ့အျပင္ သင္ဟာ တျခားလူေတြအတြက္ မွီခိုအားထားရတဲ့ စြမ္းရည္ေတြနဲ႕ ျပည့္စုံပါတယ္။ ေျပာရရင္ မိသားစုအတြက္ မွီခိုအားထားရတဲ့လူမ်ိဳး ၊ လုပ္ေဖာ္ကိုင္ဖက္ေတြအတြက္ အားကိုးရတဲ့လူမ်ိဳး ၊ လက္ေအာက္ငယ္သားေတြအတြက္ ေခါင္းေဆာင္ေကာင္းအရည္အခ်င္းေတြနဲ႕ ျပည့္ဝတဲ့လူမ်ိဳး ၊ သူငယ္ခ်င္းေတြထဲမွာဆိုရင္ အႏြံ႕တာခံတဲ့လူမ်ိဳးေပါ့။ အနာဂတ္မွာ သင္ဟာ သင့္အေၾကာင္းမသိေသးတဲ့ လူေတြကို သင့္အရည္အခ်င္းေတြ၊ မေလွ်ာ့တဲ့ဇြဲနဲ႕ မာေက်ာတဲ့စိတ္ဓာတ္ကို ျပသနိုင္မယ့္ အေျခအေနမ်ိဳးနဲ႕ ႀကဳံလာနိုင္ပါတယ္။

နံပါတ္ (၄)

သင္ဟာ အနာဂတ္မွာ သင့္ကိုပင္ပန္းဆင္းရဲေစတဲ့ အတိတ္ကေန လြတ္ေျမာက္နိုင္ေတာ့မွာပါ။ အတိတ္က အတိတ္ပါပဲ။ အတိတ္ကျဖစ္ရပ္တစ္ခု ဒါမွမဟုတ္ လူတစ္ေယာက္ေၾကာင့္ သင့္စိတ္ကို ညွင္းဆဲမေနပါနဲ႕ေတာ့။ အတိတ္ကို အတိတ္မွာပဲ ထားခဲ့ၿပီး စိတ္သစ္လူသစ္နဲ႕ ေရွ႕ဆက္ေလွ်ာက္လွမ္းလိုက္ပါ။ ဒါေပမယ့္ ပိုေကာင္းမြန္တဲ့ အနာဂတ္သစ္ကို ေလွ်ာက္လွမ္းနိုင္ဖို႔ သင္ဟာ လက္တေလာေတာ့ လုပ္ေနၾကအလုပ္ေတြကို ခဏရပ္ထားၿပီး လူေတြနဲ႕အေဝးမွာေနၿပီး ကိုယ့္စိတ္ကို အေကာင္းဆုံးျပန္တည္ေဆာက္ေနပါလိမ့္မယ္။ ဥပမာ – အားရပါးရငိုေနတာမ်ိဳး၊ စိတ္တည္ၿငိမ္ေစမယ့္ အရာေလးေတြ လုပ္ေနတာမ်ိဳးတို႔ဘာတို႔ေပါ့။

နံပါတ္ (၅)

သင္ဟာ အနာဂတ္ကာလမွာ ပ်င္းရိၿငီးေငြ႕ဖို႔ေကာင္းတဲ့ လက္ရွိအေျခအေနကေန ႐ုန္းထြက္နိုင္မွာျဖစ္ၿပီး ေျပာင္းလဲမႈေတြနဲ႕ ရင္ဆိုင္ႀကဳံေတြ႕ရပါလိမ့္မယ္။ ဒီေျပာင္းလဲမႈေတြက သင့္ဘဝကို တစ္ဆစ္ခ်ိဳး ေျပာင္းလဲသြားမွာျဖစ္တဲ့ ေကာင္းတဲ့အရာေတြ ျဖစ္နိုင္သလို ဆိုးတဲ့အရာေတြလည္း ျဖစ္နိုင္ပါတယ္။ ဒါေၾကာင့္ အႀကံေပးခ်င္တာက ယခုလက္ရွိအေျခအေနမွာ ဘယ္အရာကိုမဆို ေသခ်ာစဥ္းစားဆုံးျဖတ္ၿပီးမွ လုပ္ေဆာင္ပါ။ ဆုံးျဖတ္ထားတဲ့အရာေတြကိုလည္း တြန႔္ဆုတ္မေနဘဲ ရဲရဲႀကီးလုပ္ေဆာင္ၿပီး အနာဂတ္အတြက္ အစီအစဥ္အသစ္ေတြ ခ်မွတ္ပါ။

နံပါတ္ (၆)

သင္ဟာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတတ္ၿပီး အေကာင္းျမင္တတ္တဲ့အျပင္ သင့္အတြက္ အနာဂတ္မွာ ရင္ခုန္စိတ္လႈပ္ရွားမႈေတြ ရွိေနမယ္လို႔ အၿမဲေမွ်ာ္လင့္ထားသူ တစ္ေယာက္ပါ။ သင္ေတြးတာ မွန္ပါတယ္။ မၾကာခင္အခ်ိန္အတြင္းမွာ သင့္ထံကို အခြင့္အေရးေကာင္းေတြ ေရာက္ရွိလာမွာပါ။ ဒါ့အျပင္ သင့္အရည္အခ်င္းေတြကို လူေတြေရွ႕ေမွာက္မွာ ခ်ျပခြင့္ရမွာျဖစ္ၿပီး ပညာရပ္အသစ္ေတြကိုလည္း ေလ့လာဆည္းပူးခြင့္ရမွာပါ။ ေနာက္တစ္ခုက အခ်စ္သစ္နဲ႕ ဆုံစည္းခြင့္လည္း ရဦးမွာျဖစ္ပါတယ္။

credit to lotaya