International News

ဒေါ်လာ(3)သိန်းနီးပါး တန်ဖိုးရှိ ရောမခေတ်ရွှေဒင်္ဂါးတွေ တွေ့ရှိခဲ့တဲ့ အမျိုးသားနှစ်ယောက်

Unicode

အောက်တွင်Zawgyiနှင့်ဖတ်ရှုနိုင်ပါသည်။

လွန်ခဲ့တဲ့ နှစ်ပေါင်း 2000 ကျော်က လည်ပတ်သုံးစွဲခဲ့တဲ့ ရောမခေတ် ရွှေဒင်္ဂါး အမြောက်အများကို တံငါသည်တစ်ဦးနဲ့ လယ်ပိုင်ရှင်တစ်ဦးတို့ ပူးပေါင်းပြီး တွေ့ရှိခဲ့ကြပါတယ်။ တန်ဖိုးအားဖြင့်တော့ အနည်းဆုံး အမေရိကန် ဒေါ်လာ 267000 ရှိမယ်လို့ ခန့်မှန်းထားကြောင်း Viral က ဖော်ပြထားပါတယ်။

ဒင်္ဂါးပြားတစ်ခုချင်းဆီကို ရောင်းချမယ်ဆိုပါက အမေရိကန် ဒေါ်လာ 12000 တန်ကြေးရှိပြီး၊ တွေ့ရှိသူနှစ်ဦးအနက် တစ်ဦးရဲ့အမည်မှာ Mike Smale (35)နှစ် ဖြစ်ပါတယ်။ သူက ငါးဖမ်းသမားတစ်ယောက်ဖြစ်ပြီး၊ သတ္တုရှာဖွေရေးစက်နဲ့ သတ္တုရှာရတာကိုလည်း စိတ်ပါ၀င်စားသူတစ်ယောက်ပါ။

Mike ကတော့ သူ့အနေနဲ့ ဒီလောက် များပြားတဲ့ ဒင်္ဂါးတွေ တွေ့လိမ့်မယ်လို့ ထင်မထားခဲ့ဘူးလို့ ဆိုပါတယ်။ ရွှေဒင်္ဂါးနဲ့ ငွေဒင်္ဂါး ရောရာ မြောက်များစွာ တွေ့ရှိခဲ့တာဖြစ်ပြီး၊ လွန်ခဲ့တဲ့ 32 ဘီစီတုန်းကတည်း ရောမခေတ်မှာ သုံးစွဲခဲ့တဲ့ ငွေတွေဖြစ်ပါတယ်။ ဒင်္ဂါးပြားရေ 600 ကျော် တွေ့ရှိခဲ့တာလို့ သိရပါတယ်။

Mike ဟာ အင်္ဂလန်နိုင်ငံ Plymouth , Devon မှာ နေထိုင်တဲ့ ကလေးတစ်ယောက် ဖခင်ဖြစ်ပြီး၊ ဒီရရှိတဲ့ ဒင်္ဂါးတွေကို ပြတိုက်တစ်ခုဆီမှာ ရောင်းချမယ်လို့ ဆိုပါတယ်။ အမြတ်ငွေကိုတော့ လယ်ပိုင်ရှင်နဲ့ Mike နှစ်ဦး ခွဲဝေယူကြမှာပါ။ Mike က ” ဘယ်လောက်တန်တယ်ဆိုတာတော့ ပြောရခက်ပါတယ် “လို့ ဆိုပါတယ်။

သူက ” ဒီငွေဒင်္ဂါးတွေဟာ ဘယ်လောက်အထိ ရှားပါးသလဲဆိုတာပေါ် မူတည်ပြီး ဒါတွေ ဘယ်လောက် တန်ကြေးရှိတယ် မရှိဘူးဆိုတာကို ဆုံးဖြတ်ကြတာပါ … နောက် တွေ့ရှိခဲ့တဲ့ ပစ္စည်းတွေရဲ့ အခြေနေ … စတာတွေပေါ်မှာ တွက်ချက်ကြပါတယ် … ဒါပေမယ့် သေချာတာကတော့ ကျနော်နဲ့အတူတူ ရှိနေတဲ့လူနဲ့ ခွဲယူမှာပါ “လို့ ပြောခဲ့ပါတယ်။
ခရက်ဒစ်

Zawgyi

လြန္ခဲ့တဲ့ ႏွစ္ေပါင္း 2000 ေက်ာ္က လည္ပတ္သုံးစြဲခဲ့တဲ့ ေရာမေခတ္ ေ႐ႊဒဂၤါး အေျမာက္အမ်ားကို တံငါသည္တစ္ဦးနဲ႕ လယ္ပိုင္ရွင္တစ္ဦးတို႔ ပူးေပါင္းၿပီး ေတြ႕ရွိခဲ့ၾကပါတယ္။ တန္ဖိုးအားျဖင့္ေတာ့ အနည္းဆုံး အေမရိကန္ ေဒၚလာ 267000 ရွိမယ္လို႔ ခန့္မွန္းထားေၾကာင္း Viral က ေဖာ္ျပထားပါတယ္။

ဒဂၤါးျပားတစ္ခုခ်င္းဆီကို ေရာင္းခ်မယ္ဆိုပါက အေမရိကန္ ေဒၚလာ 12000 တန္ေၾကးရွိၿပီး၊ ေတြ႕ရွိသူႏွစ္ဦးအနက္ တစ္ဦးရဲ႕အမည္မွာ Mike Smale (35)ႏွစ္ ျဖစ္ပါတယ္။ သူက ငါးဖမ္းသမားတစ္ေယာက္ျဖစ္ၿပီး၊ သတၱဳရွာေဖြေရးစက္နဲ႕ သတၱဳရွာရတာကိုလည္း စိတ္ပါ၀င္စားသူတစ္ေယာက္ပါ။

Mike ကေတာ့ သူ႕အေနနဲ႕ ဒီေလာက္ မ်ားျပားတဲ့ ဒဂၤါးေတြ ေတြ႕လိမ့္မယ္လို႔ ထင္မထားခဲ့ဘူးလို႔ ဆိုပါတယ္။ ေ႐ႊဒဂၤါးနဲ႕ ေငြဒဂၤါး ေရာရာ ေျမာက္မ်ားစြာ ေတြ႕ရွိခဲ့တာျဖစ္ၿပီး၊ လြန္ခဲ့တဲ့ 32 ဘီစီတုန္းကတည္း ေရာမေခတ္မွာ သုံးစြဲခဲ့တဲ့ ေငြေတြျဖစ္ပါတယ္။ ဒဂၤါးျပားေရ 600 ေက်ာ္ ေတြ႕ရွိခဲ့တာလို႔ သိရပါတယ္။

Mike ဟာ အဂၤလန္နိုင္ငံ Plymouth , Devon မွာ ေနထိုင္တဲ့ ကေလးတစ္ေယာက္ ဖခင္ျဖစ္ၿပီး၊ ဒီရရွိတဲ့ ဒဂၤါးေတြကို ျပတိုက္တစ္ခုဆီမွာ ေရာင္းခ်မယ္လို႔ ဆိုပါတယ္။ အျမတ္ေငြကိုေတာ့ လယ္ပိုင္ရွင္နဲ႕ Mike ႏွစ္ဦး ခြဲေဝယူၾကမွာပါ။ Mike က ” ဘယ္ေလာက္တန္တယ္ဆိုတာေတာ့ ေျပာရခက္ပါတယ္ “လို႔ ဆိုပါတယ္။

သူက ” ဒီေငြဒဂၤါးေတြဟာ ဘယ္ေလာက္အထိ ရွားပါးသလဲဆိုတာေပၚ မူတည္ၿပီး ဒါေတြ ဘယ္ေလာက္ တန္ေၾကးရွိတယ္ မရွိဘူးဆိုတာကို ဆုံးျဖတ္ၾကတာပါ … ေနာက္ ေတြ႕ရွိခဲ့တဲ့ ပစၥည္းေတြရဲ႕ အေျခေန … စတာေတြေပၚမွာ တြက္ခ်က္ၾကပါတယ္ … ဒါေပမယ့္ ေသခ်ာတာကေတာ့ က်ေနာ္နဲ႕အတူတူ ရွိေနတဲ့လူနဲ႕ ခြဲယူမွာပါ “လို႔ ေျပာခဲ့ပါတယ္။
ခရက္ဒစ္