Local News

မန္တလေးမြို့ ကမ်းနားလမ်းတွင် သဲတင်ကားတစ်စီး နေအိမ်ကို ဝင်တိုက်မှုကြောင့် မိသာစု ၄ ဦးတွင် ၂ဦးသေဆုံးပြီး ၂ ဦးဆေးရုံရောက်

မန္တလေးမြို့ ကမ်းနားလမ်းတွင် သဲတင်ကားတစ်စီး နေအိမ်ကို ဝင်တိုက်မှုကြောင့် မိသာစု ၄ ဦးတွင် ၂ဦးသေဆုံးပြီး ၂ ဦးဆေးရုံရောက်

ဒီဇင်ဘာ ၂၁ရက်နေ့တွင် မန္တလေးမြို့ ကမ်းနားလမ်းတွင် သဲတင်ကားတစ်စီး နေအိမ်ကို ဝင်တိုက်မှုကြောင့် မိသာစု ၄ ဦးတွင် ၂ဦးသေဆုံးပြီး ၂ ဦးဆေးရုံပို့လိုက်ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

ယနေ့ နံနက် ၆ နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ ကမ်းနားလမ်းအတိုင်း မောင်းနှင်လာသော အဖြူရောင် (၆)ဘီး သဲတင်ယာဉ်သည် တောဝဂူဘုရားတောင်ဘက်၊ မြစ်ဆိပ်ဆင်းလမ်း အရောက်တွင် ယာဉ်အား ဘက်ဆုတ်ရာတွင် ဘရိတ်မမိတော့ဘဲ လမ်းဘေးရှိ လူနေအိမ်အား တိုက်မိ၍

တိမ်းမှောက်မှုဖြစ်ပွားပြီး နေအိမ်အတွင်းရှိ မိသားစုဝင် မ(၁)ဦး၊ ကျား(၃)ဦးတို့သည် သဲများနှင့် ပိမိနေကြောင်း သတင်းရရှိသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ သွားရောက်ကယ်ထုတ်ခဲ့ရခြင်းဖြစ်ပါတယ်။

ယင်းဖြစ်စဉ်ကြောင့် မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၁)ဦး (မစိုးရိမ်ရ)၊ မ(၁)ဦး (စိုးရိမ်ရ) နှင့် ကျား(၂)ဦး(သေဆုံး)ခဲ့ကြောင်းသိရပါတယ်။

Credit-Original Uploader


ဒီဇင်ဘာ ၂၁




