Knowledge Sharing ဗဟုသုတ

ထူးဆန်းအံ့ဖွယ်ရာ နတ်တွေခင်းထားသော နတ်လမ်းရှိတဲ့ ကျိုက်နဲရေလယ်ဘုရား

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကလောင်းရွာအနီးက ထူးဆန်းအံ့ဖွယ်ရာ နတ်တွေခင်းထားသော နတ်လမ်းရှိတဲ့ ကျိုက်နဲရေလယ်ဘုရား

(ကျိုက်နဲ ရေလယ်ဘုရား) နတ်တွေခင်းထားတဲ့ နတ်လမ်းရှိတဲ့ထူးဆန်းအံ့ဩဖွယ်ရေလယ်ဘုရား (မျှဝေခြင်းပါ)။ဗုဒ္ဓဘာသာ ထွန်းကာတဲ့ မြန်မာပြည်မှာ ထူးခြားအံ့ဖွယ်ကောင်းတဲ့ စေတီပုထိုးတွေ အများကြီး ရှိတဲ့အထဲမှာယနေ့မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကလောင်းရွာအနီးက

ကျိုက်နဲရေလယ်ဘုရားကိုကံကောင်းစွာဖြင့် ဒကာဒကာမတွေ ပို့ပေးလို့ဖူးခွင့်ရခဲ့ပါပြီ။ ဒီကျိုက်နဲ ရေလယ်ဘုရားဟာဆိုလို့ရှိရင် ရေလယ်ဘုရားတွေအထဲမှာတော်တော်ကြီးဝေးတဲ့ ပင်လယ် အနက်ထဲမှာတည်ထားတဲ့ဘုရားလို့ပြောရမှာ။ ကျိုက်နဲရေလယ်ဘုရားကြီးရဲ့

ထူးခြားအံ့ဖွယ်ကောင်းတာကတော့ ပင်လယ်ထဲ ၌ ဘုရားရောက်သည်အထိသူ့ဘာဝအလိုလို ပေါ်ထွက်လာတဲ့ကျောက်ချောခင်းထားတဲ့ နတ်လမ်းကြီးပဲဖြစ်ပါတယ်။ ဒီနတ်လမ်းကြီးဟာ လူတွေလုပ်ထားတယ်ထင်ရလောက်အောင်ကောင်းမွန်ပြီး တစ်နှစ်မှာတစ်ကြိမ် တစ်ကြိမ်မှာတစ်မနက်သာ

ပွဲတော်ရှိခိုက် သူ့အလိုလိုပေါ်ထွက်လာတာပါပဲ။ နှစ်စဉ် နှစ်တိုင်း တန်ဆောင်မုန်း လပြည့်ကျော် ၂ ရက်ည ၃ ရက်နေ့မနက်ပိုင်းတစ်ကြိမ်သာ ဒီကျောက်ချောခင်းထားတဲ့ နတ်လမ်းမကြီး ပေါ်ထွက်ပြီး အခြားနေ့တွေမှာဒီလမ်းမကြီး ပင်လယ်ရေတွေ ဖုံးပြီး ပျောက်ကွယ်နေပါတယ်။

နတ်လမ်းကြီးရဲ့ အရှည်ကတော့ ဘုရားရောက်စေအထိ ၁ မိုင်နဲ့ ၆ ဖာလုံရှိပါတယ်။ ဦးဇင်းတို့ ဘုရားကို သွားတော့အသွားတုန်းက ပင်လယ်ရေကကျတုန်းကျဆဲဖြစ်တာရယ်ရေစီးကြမ်းတာရယ်ကြောင့်ခက်ခက်ခဲခဲကူးပြီးသွားခဲ့ရပေမယ့် ဘုရားကပြန်တော့အလာတုန်းက

ရင်ဘတ်လောက်ခါးလောက်ကူးခဲ့ရတဲ့နတ်လမ်းမကြီးကခမ်းခြောက်နေပြီးကျောက်သားလမ်းအတိ ဖြစ်နေတာတွေ့ရပါတယ်။ ဒီလိုထူးခြားအံ့ဖွယ်ကောင်းတဲ့ ကျိုက်နဲရေလယ်ဘုရားကို ဖူးခွင့်ရလို့ ဝမ်းသာကြည်နူးမိပါတယ်။ နတ်လမ်းစပေါ်ချိန် မှာ နံနက် ၅ နာရီ ၅ နာရီခွဲမှစတင်ကာနံနက်ပိုင်း ၁၀ နာရီ ၁၀ နာရီဝန်းကျင်အထိသာဖြစ်ပါတယ်။ နတ်လမ်းအစအဆုံးရေပေါ်ပေမဲ့ ကြာမြင့်ချိန်က ၂ နာရီဝန်းကျင်ခန့်သာ ကြာပါတယ်။ လိုက်ပို့ပေးသော ဒကာ ဒကာမများကို အထူးပဲကျေးဇူးတင်ပါသည်။ (အရှင်ဇောတိက) ကမ္ဘာမှာ ကိုရီးယားနဲ့ မြန်မာနိုင်ငံမှာသာရှိတဲ့တစ်နှစ်မှာ

တစ်ရက်သာပေါ်လာတဲ့ နတ်တွေခင်းတဲ့လမ်းဒီလမ်းကို ဒီလိုသွားခဲ့ကြတာဒီလမ်းလေးက တစ်နှစ်မှာတစ်ရက်၊ တစ်ရက်မှာတစ်ကြိမ်၊ တစ်ကြိမ်မှာလေးနာရီလောက်သာပေါ်သောလမ်း။ ဒေသခံတွေရဲ့ပြောကြားချက်အရဒီလမ်းဟာ နတ်တွေခင်းတဲ့လမ်းဟုလည်းသိခဲ့ရ၊ ကမ္ဘာမှာ ကိုရီးယားနှင့် မြန်မာနိုင်ငံမှာသာရှိသောလမ်း။ နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်မှာ လမ်းအပြည့်ပေါ်လာသောလမ်း။ ကမ္ဘာမှာ ကိုရီးယားနှင့် မြန်မာနှစ်နိုင်ငံသာရှိသောပင်လယ်တွင်းလမ်း။ (ကိုရီးယားမှာလည်း တစ်ရက်သာပေါ်သည်။ သို့သော်ပေါ်သည့်ရက်ချင်းမတူပါ)

စာရေးသူတို့ ဒီလမ်းကိုလျှောက်ရဖို့အတွက် တန်ဆောင်မုန်းလပြည့်ကျော်(၂)ရက်နေ့ည (၁ဝ:ဝဝ) နာရီအချိန်တွင်မော်လမြိုင်မှထွက်ခဲ့ပြီး ဒီလမ်းတည်ရှိရာ ပင်လယ်ကမ်းခြေသို့တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်နေ့မနက် (၁၂:၂ဝ) အချိန်ဝန်းကျင်ခန့် ရောက်ရှိခဲ့ပါသည်။(၂)ရက်နေ့ည တစ်ညလုံး မအိပ်ဘဲကမ်းခြေတွင်လမ်းလျှောက်ထိုင်နားကာ ဒီရေအကျကိုတစ်ညလုံးစောင့်လို့ (၃)ရက်နေ့မနက် (၄:ဝဝ) အချိန်တွင်ဒီရေ စ ကျပါသည်။ ထိုအချိန်မှစ၍ အနယ်နယ်အရပ်ရပ်မှဘုရားဖူးရောက်လာကြကုန်သောတစ်သိန်းကျော်သောဘုရားဖူးတို့သည်

နတ်တို့ခင်းထားသည်ဆိုသော ထိုလမ်းကိုစ၍ ကူးကြပါသည်။ လမ်းအားလုံးပေါ်ချိန်ကတော့နံနက် (၆:ဝဝ)နာရီဝန်းကျင်ဖြစ်ပြီး ထိုအချိန်မှာလမ်းအလုံးစုံပေါ်ပါသည်။ ထူးခြားချက်မှာ ထိုလမ်းသည်ကွန်ကရစ်ခင်းထားခြင်းမျိုးလည်းမဟုတ်၊ တံတားထိုးထားခြင်းလည်းမဟုတ်၊ပင်လယ်ကမ်းခြေမှ (၃)ဖာလုံခန့် ဝေးသောနေရာမှစ၍စေတီတည်ရှိရာကျွန်းအထိအလုံးစုံ ကျောက်စရစ်ခဲအရွယ်စုံ့ဖြင့်ခင်းထားခြင်းဖြစ်ပြီး ဒီရေ အတက်အကျဖြစ်တိုင်းထိုကျောက်စရစ်ခဲများမှာပင်လယ်ကြမ်းပြင်သို့ မျောပါသွားခြင်းမရှိဘဲ ကမ်းခြေနှင့် သုံးဖာလုံခန့်အကွာအဝေးမှစ၍

ရေလယ်ကျွန်းဘုရားရှိရာထိတည်ရှိနေခြင်းပင်ဖြစ်ပါသည်။ နေ့စဉ် လစဉ် ရက်စဉ် ဒီရေအတက်အကျရှိသော်လည်းထိုလမ်းသည်ယခုကဲ့သို့ မပေါ်ပါ။ နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်နေ့မှသာ တစ်လမ်းလုံးအပြည့်ပေါ်လာခြင်းပင်ဖြစ်ပါသည်။ ပေါ်သည့်အချိန်မှာလည်းလေးနာရီခန့်သာ ဖြစ်ပြီးထိုနေ့ (တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်) နေ့တစ်နေ့သာပေါ်ခြင်းဖြစ်ပါသည်။ ထိုနေ့တွင် မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးများလာရောက်လေ့လာသူ သုတေသီများတစ်သိန်းခွဲကျော်ခန့်ဖြင့် အလွန်ပင်စည်းကားလှပါသည်။ လမ်းညွှန်း မော်လမြိုင်မှ

သံဖြူဇရပ်သို့ မော်လမြိုင် ကျိုက္ခမီလမ်းမကြီးအတိုင်း ကားစီးပြီး သံဖြူဇရပ်ရောက်သည့်အခါ မြို့လယ်အဝိုင်းကိုပတ်၍ ကမ္ဘာကျော်သမိုင်းဝင် သေမင်းတမန် မီးရထားလမ်း လမ်းခွဲရောက်သည့် အခါ ‘ပငကျေးရွာ‘ ဘက်သို့ ချိုးကွေ့ဝင်သွားရပြီး ‘ပငကျေးရွာ‘ လွန်လျှင် ‘ကရုပ္ပိ စံပြကျေးရွာ‘သို့ရောက်ရှိပါမည်။ ထို ‘ကရုပ္ပိ စံပြကျေးရွာ‘ ရွာလမ်းအတိုင်း ဝင်ပြီး ထိုရွာမှထွက်လျှင် ဆားလုပ်ငန်း(ဆားကွင်း)များတွေ့ရှိရမည် ဖြစ်ပါသည်။ ထို(ဆားကွင်း)များကို အနည်းငယ်ကျော်ဖြတ်ပြီးလျှင်ပင်လယ်ကမ်းခြေသို့ရောက်ရှိပါမည်။ ကမ်းခြေသို့ရောက်သည့်အခါဒီရေအကျကို

စောင့်ဆိုင်းပြီး ကားများကိုကမ်းခြေမှာ ခေတ္တရပ်နားထားရမှာဖြစ်ပါတယ်။ လမ်းလျှောက်လိုပါကလည်းကားရပ်နားထားရာမှလမ်းပေါ်ရာနေရာသို့ ကမ်းခြေအစပ်အတိုင်း(၃)မိုင်ကျော်ခန့်လမ်းလျှောက်ရမှာဖြစ်ပါတယ်။ လမ်းပေါ်လာချိန်မှာ ထိုကျောက်စရစ်ခဲလမ်းပေါ်ရာအစမှ

ရေလယ်ဘုရားရောက်သည်အထိ(၃)မိုင်ခွဲခန့်လမ်းလျှောက်ရမှာဖြစ်ပြီး နံနက် (၁ဝ:ဝဝ)နာရီအချိန်တွင် ဒီရေပြန်တက်သည့်အတွက်ရေလည် ဘုရားမှ ဘုရားအားဖူးမြော်ပြီး (၁ဝ:ဝဝ) နာရီမထိုးခင် ကမ်းခြေအရောက်ပြန်ရမှာ ဖြစ်ပါတယ်။ ကျောက်စရစ်ခဲများအရွယ်စုံဖြင့်ခင်းထားသော

ဤနတ်လမ်းတည်ရှိရာသည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ဝဲကလောင်ကျေးရွာနှင့် အံခဲကျေးရွာတို့၏ အလယ်တွင် တည်ရှိပါသည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

Credit-Original Writer
Credit-Photo