ဗဟုသုတ

ကြက်သွန်နီအစိမ်းကို ပုံမှန်စားပေးတာနဲ့ ချက်ချင်းရရှိလာမယ့် ကျန်းမာရေးကောင်းကျိုးများ

Unicode

အောက်တွင်Zawgyiနှင့်ဖတ်ရှုနိုင်ပါသည်။

ကြက်သွန်နီအစိမ်းကို ပုံမှန်စားပေးတာနဲ့ ချက်ချင်းရရှိလာမယ့် ကျန်းမာရေးကောင်းကျိုးများ

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေထက် အသာဆုံးအချက်က ကောက်ပဲသီးနှံတွေ၊ သစ်သီးဝလံတွေကို စျေးနှုန်းချိုချိုနဲ့ ပေါပေါများများ ရနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဆေးဘက်ဝင် သစ်ဥသစ်ဖုတွေကိုလည်း အခုအချိန်ထိ စစ်စစ်မှန်မှန် ရနိုင်နေပါသေးတယ်။ မြန်မာနိုင်ငံမှာ ပေါများလွန်းတဲ့ ကြက်သွန်နီဟာ ကျန်းမာရေးအရ အလွန်တန်ဖိုးကြီးပါတယ်။ ကြက်သွန်နီအစိမ်းကို ပုံမှန်စားပေးရုံနဲ့

(၁) အရိုးသိပ်သည်းဆကို ကျစ်လစ်စေတယ်_ အသက်ကြီးလာတဲ့အခါမှာ အရိုးပွတာတွေ၊ အရိုးဆက်တာတွေကို မခံလိုလျှင် အခုနေကတည်းက ကြက်သွန်နီအစိမ်းကို တစ်နိုင်တပိုင် စားပေးသင့်ပါတယ်။ တစ်လလောက် ကြာတဲ့အခါမှာ အရိုးတွေရဲ့ သိပ်သည်းဆဟာ ယခင်ကထက် (၅)%အထိ တိုးပွားလာစေမှာပါ။

(၂) ကိုလက်စထရောဓာတ်ကို လျှော့ကျစေတယ်  _ကိုလက်စထရောဓာတ်ဟာ နှလုံးရောဂါ၊ နှလုံးသွေးကြောကျင်းရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါတွေရဲ့ အဓိကကျဆုံးရန်သူဖြစ်ပါတယ်။ ကြက်သွန်နီအစိမ်းဟာ လူရဲ့သွေးအတွင်းမှာ ရှိတဲ့ ကိုလက်စထရောဓာတ်ကို အမြန်ဆုံးချေဖျက်ရာမှာ အလွန်ထိရောက်ပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ကာကွယ်ပြီးသား ဖြစ်မှာပါ။

(၃) အစာချေဖျက်ရာမှာ ကူညီနိုင်တယ်_ ကြက်သွန်နီအစိမ်းကို ပုံမှန်စားပေးရင် အဆီကျသွယ်လျှပြီး ဗိုက်ချပ်စေနိုင်ပါတယ်။ ကြက်သွန်နီဟာ ဝမ်းကိုက်၊ ဝမ်းချုပ်ဝေဒနာတွေကို မဖြစ်စေအောင် ပြုလုပ်နိုင်စွမ်းရှိပြီး၊ အစာမကြေတဲ့ဒဏ်ကိုလည်း ကောင်းစွာ ကုစားနိုင်ပါတယ်။ အစာကြေလွယ်စေလို့ အဆီပိုတွေကို အလိုလို ကာကွယ်ပြီးဖြစ်စေပါတယ်။

(၄) ဆဲလ်တွေ ပျက်ဆီးမှုကို ကာကွယ်ပေးနိုင်တယ်_ အရွယ်တင် နုပျိုလိုသူတွေ ကြက်သွန်နီ များများစားပေးပါ။ ပြင်ပ ကူးစက်ရောဂါ ကြောက်သူတွေ ကြက်သွန်နီ စားပေးပါ။ ကြက်သွန်နီက ဆဲလ်တွေ ထိခိုက်ပျက်စီးမှုကို တားဆီးနိုင်လို့ အရွယ်တင်စေပါတယ်။ ဒီလိုပဲ ကြက်သွန်နီက သဘာဝဓာတ်တိုးပစ္စည်းတွေကို ထုတ်လုပ်ပေးလို့ ရောဂါတွေကို တိုက်ဖျက်နိုင်ပါတယ်။

(၅) အမြင်ကြည်လင်စေတယ်၊ ခံတွင်းကျန်းမာရေးကို ကောင်းစေတယ်_ ကြက်သွန်နီက အနံ့ကို သဘောမကျသူတွေအတွက်တော့ နည်းနည်း စိတ်ပျက်စရာပါ။ ဒါပေမယ့် မျက်မှန်သမားတွေ၊ ကွန်ပျူတာသမားတွေ အမြင်အာရုံ မထိခိုက်စေချင်ရင် ကြက်သွန်နီကို မချစ်သော်လည်း အောင့်ကာနမ်းထားရပါမယ်။ ခံတွင်းအနံ့ ဆိုးသူတွေလည်း ကြက်သွန်နီစားပေးရင် အိုကေပါတယ်။

(၆) ညအိပ်မပျော်သူတွေအတွက်_ ကြက်သွန်နီမှာပါတဲ့ အမျှင်ဓာတ်က ကျန်းမာရေးကို ကောင်းမွန်စေသလို၊ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကိုတောင် လျှော့ပါးစေပါတယ်။ ဒီတော့ စိတ်ဖိအားများသူတွေလည်း ကြက်သွန်နီကို ဆေးအဖြစ် အသုံးချသင့်ပါတယ်။ စိတ်ဖိအားကို လျှော့ပါးစေလို့ အလွယ်တကူ အိပ်စက်ရာမှာလည်း ကူညီပေးပါတယ်။

(၇) အရွယ်တင်နုပျိုမှု/အရေပြား တွန့်မှုတွေကို ကာကွယ်ပေးတယ်_ စောစောကပြောခဲ့သလိုပဲ ကြက်သွန်နီက Aging ကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။ အသားရေ နူးညံ့စိုပြေမှုမှာ ကြွက်သွန်နီဟာ အံ့မခမ်း ကောင်းကျိုးတွေ ပေးတာကြောင့် တချို့သော မော်ဒယ်တွေဟာ ကြက်သွန်နီကို မအိုဆေးအဖြစ် သုံးကြသည်အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

လင်းဇော်ကို
Credit original

Zawgyi

ၾကက္သြန္နီအစိမ္းကို ပုံမွန္စားေပးတာနဲ႕ ခ်က္ခ်င္းရရွိလာမယ့္ က်န္းမာေရးေကာင္းက်ိဳးမ်ား

ကြၽန္ေတာ္တို႔ ျမန္မာနိုင္ငံမွာ တျခားနိုင္ငံေတြထက္ အသာဆုံးအခ်က္က ေကာက္ပဲသီးႏွံေတြ၊ သစ္သီးဝလံေတြကို ေစ်းႏႈန္းခ်ိဳခ်ိဳနဲ႕ ေပါေပါမ်ားမ်ား ရနိုင္ျခင္းပဲ ျဖစ္ပါတယ္။ ေဆးဘက္ဝင္ သစ္ဥသစ္ဖုေတြကိုလည္း အခုအခ်ိန္ထိ စစ္စစ္မွန္မွန္ ရနိုင္ေနပါေသးတယ္။ ျမန္မာနိုင္ငံမွာ ေပါမ်ားလြန္းတဲ့ ၾကက္သြန္နီဟာ က်န္းမာေရးအရ အလြန္တန္ဖိုးႀကီးပါတယ္။ ၾကက္သြန္နီအစိမ္းကို ပုံမွန္စားေပး႐ုံနဲ႕

(၁) အရိုးသိပ္သည္းဆကို က်စ္လစ္ေစတယ္_ အသက္ႀကီးလာတဲ့အခါမွာ အရိုးပြတာေတြ၊ အရိုးဆက္တာေတြကို မခံလိုလွ်င္ အခုေနကတည္းက ၾကက္သြန္နီအစိမ္းကို တစ္နိုင္တပိုင္ စားေပးသင့္ပါတယ္။ တစ္လေလာက္ ၾကာတဲ့အခါမွာ အရိုးေတြရဲ႕ သိပ္သည္းဆဟာ ယခင္ကထက္ (၅)%အထိ တိုးပြားလာေစမွာပါ။

(၂) ကိုလက္စထေရာဓာတ္ကို ေလွ်ာ့က်ေစတယ္  _ကိုလက္စထေရာဓာတ္ဟာ ႏွလုံးေရာဂါ၊ ႏွလုံးေသြးေၾကာက်င္းေရာဂါ၊ ႏွလုံးေသြးေၾကာပိတ္ေရာဂါေတြရဲ႕ အဓိကက်ဆဳံးရန္သူျဖစ္ပါတယ္။ ၾကက္သြန္နီအစိမ္းဟာ လူရဲ႕ေသြးအတြင္းမွာ ရွိတဲ့ ကိုလက္စထေရာဓာတ္ကို အျမန္ဆုံးေခ်ဖ်က္ရာမွာ အလြန္ထိေရာက္ပါတယ္။ ႏွလုံးနဲ႕ပတ္သက္တဲ့ေရာဂါေတြ ကာကြယ္ၿပီးသား ျဖစ္မွာပါ။

(၃) အစာေခ်ဖ်က္ရာမွာ ကူညီနိုင္တယ္_ ၾကက္သြန္နီအစိမ္းကို ပုံမွန္စားေပးရင္ အဆီက်သြယ္လွ်ၿပီး ဗိုက္ခ်ပ္ေစနိုင္ပါတယ္။ ၾကက္သြန္နီဟာ ဝမ္းကိုက္၊ ဝမ္းခ်ဳပ္ေဝဒနာေတြကို မျဖစ္ေစေအာင္ ျပဳလုပ္နိုင္စြမ္းရွိၿပီး၊ အစာမေၾကတဲ့ဒဏ္ကိုလည္း ေကာင္းစြာ ကုစားနိုင္ပါတယ္။ အစာေၾကလြယ္ေစလို႔ အဆီပိုေတြကို အလိုလို ကာကြယ္ၿပီးျဖစ္ေစပါတယ္။

(၄) ဆဲလ္ေတြ ပ်က္ဆီးမႈကို ကာကြယ္ေပးနိုင္တယ္_ အ႐ြယ္တင္ ႏုပ်ိဳလိုသူေတြ ၾကက္သြန္နီ မ်ားမ်ားစားေပးပါ။ ျပင္ပ ကူးစက္ေရာဂါ ေၾကာက္သူေတြ ၾကက္သြန္နီ စားေပးပါ။ ၾကက္သြန္နီက ဆဲလ္ေတြ ထိခိုက္ပ်က္စီးမႈကို တားဆီးနိုင္လို႔ အ႐ြယ္တင္ေစပါတယ္။ ဒီလိုပဲ ၾကက္သြန္နီက သဘာဝဓာတ္တိုးပစၥည္းေတြကို ထုတ္လုပ္ေပးလို႔ ေရာဂါေတြကို တိုက္ဖ်က္နိုင္ပါတယ္။

(၅) အျမင္ၾကည္လင္ေစတယ္၊ ခံတြင္းက်န္းမာေရးကို ေကာင္းေစတယ္_ ၾကက္သြန္နီက အနံ႕ကို သေဘာမက်သဴေတြအတြက္ေတာ့ နည္းနည္း စိတ္ပ်က္စရာပါ။ ဒါေပမယ့္ မ်က္မွန္သမားေတြ၊ ကြန္ပ်ဴတာသမားေတြ အျမင္အာ႐ုံ မထိခိုက္ေစခ်င္ရင္ ၾကက္သြန္နီကို မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းထားရပါမယ္။ ခံတြင္းအနံ႕ ဆိုးသူေတြလည္း ၾကက္သြန္နီစားေပးရင္ အိုေကပါတယ္။

(၆) ညအိပ္မေပ်ာ္သူေတြအတြက္_ ၾကက္သြန္နီမွာပါတဲ့ အမွ်င္ဓာတ္က က်န္းမာေရးကို ေကာင္းမြန္ေစသလို၊ စိတ္ပိုင္းဆိုင္ရာ ဖိအားေတြကိုေတာင္ ေလွ်ာ့ပါးေစပါတယ္။ ဒီေတာ့ စိတ္ဖိအားမ်ားသူေတြလည္း ၾကက္သြန္နီကို ေဆးအျဖစ္ အသုံးခ်သင့္ပါတယ္။ စိတ္ဖိအားကို ေလွ်ာ့ပါးေစလို႔ အလြယ္တကူ အိပ္စက္ရာမွာလည္း ကူညီေပးပါတယ္။

(၇) အ႐ြယ္တင္ႏုပ်ိဳမႈ/အေရျပား တြန့္မႈေတြကို ကာကြယ္ေပးတယ္_ ေစာေစာကေျပာခဲ့သလိုပဲ ၾကက္သြန္နီက Aging ကို ကာကြယ္တားဆီးေပးနိုင္ပါတယ္။ အသားေရ ႏူးညံ့စိုေျပမႈမွာ ႂကြက္သြန္နီဟာ အံ့မခမ္း ေကာင္းက်ိဳးေတြ ေပးတာေၾကာင့္ တခ်ိဳ႕ေသာ ေမာ္ဒယ္ေတြဟာ ၾကက္သြန္နီကို မအိုေဆးအျဖစ္ သုံးၾကသည္အထိ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။

လင္းေဇာ္ကို
Credit original