Cele News

အချစ်သစ်မှာ သည်းသည်းလှုပ်အချစ်ခံရပြီး ဂရုစိုက်ခံနေရကြောင်း ပရိသတ်တွေကိုပြသလာတဲ့ နန်းဆုရတီစိုး

အချစ်သစ်မှာ သည်းသည်းလှုပ်အချစ်ခံရပြီး ဂရုစိုက်ခံနေရကြောင်း ပရိသတ်တွေကိုပြသလာတဲ့ နန်းဆုရတီစိုး

မင်းသမီးချောလေးတစ်ယောက်လည်းဖြစ်သလို ပြည်သူချစ် တေးသံရှင်တစ်ယောက်လည်းဖြစ်တဲ့ နန်းဆုရတီစိုးကတော့ အရုပ်မလေးတစ်ရုပ်လို မထိရက်မကိုင်ရက်နဲ့ ချစ်စရာကောင်းလွန်းသူ လေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ နန်းဆုရတီစိုးကတော့ အခုချိန်ထိတိုင် ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကိုချပြရင်း တစ်နိုင်ငံလုံးက အမျိုးသား၊ အမျိုးသမီးတွေရဲ့ ချစ် ခင်အားပေးမှုကို ခံယူနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နန်းဆုရတီစိုးရဲ့ အနုပ ညာလှုပ်ရှားမှုတွေအပြင် လက်တွေ့ဘဝက သူမရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုပါ စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။

ချစ်သူရှိနေပြီလို့ တရားဝင်ထုတ်ပြောထားခြင်းမရှိပေမယ့် ချစ်သူနဲ့ ပက်သတ်တာမှန်သမျှကို နည်းနည်းချင်းစီပြသနေတဲ့ နန်းဆုရတီစိုးက ဒီကနေ့မှာလည်း ပရိသတ်တွေကို သူမဘယ်လော က် တောင် အချစ်ခံနေရကြောင်း ပြသလို့လာပြန်ပါတယ်။ နန်းဆုရတီစိုးက သူမစားဖို့အတွက် စားသောက်စရာတွေကို သေသေချာချာ ပြင်ဆင်ပေးနေတဲ့ ချစ်သူရဲ့ လက်တစ်စုံကို ဗီဒီယိုလေး ရိုက်ပြီး အချစ်သစ်မှာ သည်းသည်းလှုပ်အချစ်ခံရပြီး ဂရုစိုက်ခံနေရကြောင်းပြသလာခဲ့တာပဲ ဖြစ်ပါတယ်။

နန်းဆုရတီစိုးကတော့ သူမကို အရမ်းချစ်ပြီး ဘာလေးပဲမဆို ဂရုတစိုက်ရှိတဲ့ ချစ်သူကောင်း တစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ နန်းဆုတို့ ချစ်သူနှစ်ယောက် အခုလိုပဲ အမြဲထာ ဝရချစ်နိုင်ကြပြီး အချိန်တွေအကြာကြီး လက်တွဲနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nansu Yati Soe’s fb
Credit – Cele Connections