Cele News

မိသားစုအတွင်းရေးကိစ္စမို့ ဝင်စွက် ဖက်လို့မရပေမယ့် မနေနိုင်တော့တဲ့ အဆုံး မြင့်မြတ်နဲ့ပတ်သက်ပြီး စိတ်မ ကောင်းစွာပြောပြလာတဲ့ ကေညီနဲ့ ထူးခြား

ပရိသတ်ကြီးရေ.. လတ်တလောမှာ လူမှုကွန်ယက်ပရိသတ်တွေကြားမှာ မိသားစုအတွင်းရေး ကိစ္စတွေကြောင့် နားလည်မှုလွဲကာ ဝေဖန်တိုက်ခိုက်မှုတွေကို ကြုံတွေ့နေရတဲ့ မင်းသားမြင့် မြတ် နဲ့ပတ်သက်ပြီး ပရိသတ်တွေတော်တော်များများသိရှိကြမှာပါနော်။

သရုပ်ဆောင်ကောင်းပြီး ပကာသနတွေမရှိတဲ့အပြင် လူတိုင်းအပေါ်စိတ်ကောင်းစေတနာ လေး တွေနဲ့ အမြဲကူညီဖေးမတတ်တာတွေကြောင့် လူချစ်လူခင်ပေါများတဲ့ မြင့်မြတ်ကတော့ Taxi မော င်းပြီး ဘဝကို ရုန်းကန်နေရတဲ့ မိဘနဲ့ မောင်နှမတွေကို ပြစ်ထားတယ်ဆိုပြီး ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတာပါ။

အဆိုပါကိစ္စတွေနဲ့ ပတ်သက်ပြီး ညီအစ်ကိုတွေလို ခင်မင်ပေါင်းသင်းလာတဲ့ ထူးခြားနဲ့ ကေညီတို့ က လည်း မိသားစုအတွင်းရေးကိစ္စမို့ ဝင်စွက်ဖက်လို့မရပေမယ့် မနေနိုင်တော့တဲ့အဆုံး မြင့်မြတ် နဲ့ ပတ်သက်ပြီး စိတ်မကောင်းစွာပြောပြလာပါတယ်နော်။

“သူ့ စိတ်သဘောထားကောင်းတယ် ဆိုတာ ကျွန်တော်အပါအဝင်အနုပညာလောကသားအားလုံး သူ့ စိတ်ရင်းအမှန်ကို သိကြပါတယ် အကြောင်းအရာတစ်ခုအပေါ် သေသေချာချာအဖြစ်မှန် ကို မသိပဲ အထင်မလွဲကြပါနဲ့ခမျာ✌️ Peace.” ဆိုပြီးတော့လည်း ကေညီက သူ့ရဲ့ဖေ့စ်ဘွတ်စာ မျက်နှာကနေ ပြောထားတာ ဖြစ်ပါတယ်နော်။

“ကျွန်တော်အများကြီးလည်း မပြောချင်ပါဘူး။ ကျွန်တော့်ညီ ဘယ်လိုစိတ်ထားရှိမှန်း ကျွန်တော် တို့အသိဆုံးပါ။ မိသားစုအိမ်တွင်းရေးမှာ အပြင်လူဝင်စွက်ဖက်ဆုံးဖြတ်လို့ မရတဲ့ ကိစ္စတွေရှိတာ မို့လို့ ရမ်းသမ်းမပြောစေချင်ဘူးဗျာ။ အရမ်းစိတ်ထားကောင်းတဲ့ သူတော်ကောင်းတစ်ယောက်ပါ။

အထင်မလွဲကြဖို့လည်း တောင်းပန်ချင်ပါတယ်။ ကျွန်တော်ဘာလိုလို သူလည်း ရှိခဲ့ပေးသလို၊ သူ ဘာပဲလိုအပ်လိုအပ် ကျွန်တော် Stand By/ Ready ပါပဲ။Fighting ငါ့ညီ။.” ဆိုပြီး ထူးခြား က ပရိသတ်တွေကိုအသိပေး ပြောပြထားတာပါနော်။

ပရိသတ်တွေကလည်း ဝေဖန်မှုတွေနဲ့ နားလည်မှုတွေအလွဲခံနေရတဲ့ မြင့်မြတ်အတွက် စိတ်မ ကောင်းတဲ့အကြောင်းလေးတွေနဲ့ အားပေးစကားလေးတွေ ပြောထားကြတာလည်း တွေ့ရပါတယ်နော်။

Source: Htoo Charr’s Fb Acc & K Nyi’s Fb Acc

Credit