Unicode
အောက်တွင်Zawgyi နှင့်ဖတ်ရှုနိုင်ပါသည်။
အင်ဒိုနီးရှားနိုင်ငံ၊ တောင်ဆူမားတြားပြည်နယ်မှာ၊ ဖြစ်ပေါ်ခဲ့တဲ့ အသက် 16 နှစ်အရွယ် သတို့သားနဲ့ 71 နှစ်အရွယ် သတို့သမီးတို့ရဲ့ မင်္ဂလာပွဲဟာ လူမှုကွန်ယက်မှာ ပလူပျံခဲ့ပါတယ်။ အသက် 16 နှစ်အရွယ် Selamat Riayadi နဲ့ သူရဲ့ ဇနီး Rohaya တို့ဟာ အချင်းချင်း ချစ်ကျွမ်းဝင်ပြီးနောက် ဆွေမျိုးသားချင်းတွေက သဘောမတူကြပါဘူး။

အဓိကကတော့ Selamat နဲ့ Rohaya တို့ ရဲ့ အသက်ကွာခြားမှုကြောင့် ဆွေမျိုးတွေက သဘောမကျ ကြတာပါ။ဒါပေမယ့် နှစ်ဦးစလုံးက သူတို့ချစ်ခြင်းကို အရှင်အတိုင်းတော့ ခွဲလို့မရဘူး၊ အသေအတိုင်းသာ ခွဲလို့ရမယ်လို့ ခြိမ်းခြောက်ခဲ့ကြလို့ နောက်ဆုံး ဆွေမျိုးတွေက မင်္ဂလာပွဲ စီစဉ်ပေးခဲ့ပါတယ်။

ဒီမှာတင် သူတို့သတင်းက လူစိတ်ဝင်စားမှု ရပ်တန့်သွားတယ်လို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက မပြီးသေးပါဘူး။ အကြင်လင်မယားနှစ်ယောက်ဟာ ညားပြီးကတည်းက အိမ်ထဲက အိမ်ပြင် သိပ်ထွက်လေ့ မရှိတော့ဘဲ၊ ကျေးရွာ ဘာသာရေးဆိုင်ရာ လူကြီးတွေက ဗလီလာမတက်လို့ စာပို့သတိပေးရသည်အထိ ဖြစ်ခဲ့ပါတယ်။

ညားကာစ တစ်လလောက်မို့ ဒီလို အိမ်တွင်းအောင်းတာလို့ တစ်ချို့က ယူဆခဲ့ပေမယ့်၊ နှစ်လ သုံးလ တန်သည်အထိ သူတို့က ဒီပုံစံပါဘဲ။ တစ်ခါတလေ Selamat ဟာ မဖြစ်မနေ ကိစ္စရပ်ပေါ်လာလို့ ရှားတောင့်ရှားခဲ အပြင်ကို ထွက်ရတဲ့ အခါမျိုးမှာ အိမ်ကို သော့တွေနဲ့ သေချာကျကျနနပိတ်ပြီး၊ ဇနီးသည် Rohaya ကို အိမ်ထဲမှာ တစ်ဦးတည်း ထားရစ်ခဲ့တာကို ပတ်ဝန်းကျင်က သတိထားမိခဲ့ကြပါတယ်။

ဒါနဲ့ နီးစပ်ရာက Selamat ကို ဘာလို့ အပြင်သွားတိုင်း အိမ်ပေါက်စေ့ သော့တွေ လိုက်ခတ်ရတာလဲကွာ-လို့ ချော့မော့ မေးမြန်းတော့ Selamat က “ကျုပ်မိန်းမကို တစ်ခြားယောက်ျားက ကြောင်တောင်ဝင်နှိုက်မှာစိုးလို့ပေါ့ဗျ” ဆိုပြီး ခပ်ဆက်ဆက် ဖြေပါတယ်တဲ့။ ဒီတော့မှ ရွာသားတွေလည်း Selamat ရဲ့ အဖြစ်သည်းပုံကို ရယ်ရအခက်၊ ငိုရအခက် ဖြစ်စေခဲ့ပါတယ်။

Selamat နဲ့ Rohaya တို့ ဇနီးမောင်နှံမှာ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲလည်း မရှိဘူးလို့ သိရပါတယ်။ သူတို့ရွာမှာတော့ သူတို့ဟာ အချမ်းသာကြီးမဟုတ်တောင် စားနိုင်သောက်နိုင်တဲ့အထဲမှာ ပါပါတယ်တဲ့။ လက်ရှိအချိန်ထိတော့ Rohaya ဟာ အသက်မည်မျှပင် ကြီးစေကာမူ၊ နှစ်ယောက်သား ရင်သွေးရဖို့ စိတ်ကူးယဉ်နေကြတယ်လို့ ဆိုပါတယ်။

Credit
Zawgyi
အင္ဒိုနီးရွားနိုင္ငံ၊ ေတာင္ဆူမားၾတားျပည္နယ္မွာ၊ ျဖစ္ေပၚခဲ့တဲ့ အသက္ 16 ႏွစ္အ႐ြယ္ သတို႔သားနဲ႕ 71 ႏွစ္အ႐ြယ္ သတို႔သမီးတို႔ရဲ႕ မဂၤလာပြဲဟာ လူမႈကြန္ယက္မွာ ပလူပ်ံခဲ့ပါတယ္။ အသက္ 16 ႏွစ္အ႐ြယ္ Selamat Riayadi နဲ႕ သူရဲ႕ ဇနီး Rohaya တို႔ဟာ အခ်င္းခ်င္း ခ်စ္ကြၽမ္းဝင္ၿပီးေနာက္ ေဆြမ်ိဳးသားခ်င္းေတြက သေဘာမတူၾကပါဘူး။
အဓိကကေတာ့ Selamat နဲ႕ Rohaya တို႔ ရဲ႕ အသက္ကြာျခားမႈေၾကာင့္ ေဆြမ်ိဳးေတြက သေဘာမက် ၾကတာပါ။ဒါေပမယ့္ ႏွစ္ဦးစလုံးက သူတို႔ခ်စ္ျခင္းကို အရွင္အတိုင္းေတာ့ ခြဲလို႔မရဘူး၊ အေသအတိုင္းသာ ခြဲလို႔ရမယ္လို႔ ၿခိမ္းေျခာက္ခဲ့ၾကလို႔ ေနာက္ဆုံး ေဆြမ်ိဳးေတြက မဂၤလာပြဲ စီစဥ္ေပးခဲ့ပါတယ္။
ဒီမွာတင္ သူတို႔သတင္းက လူစိတ္ဝင္စားမႈ ရပ္တန႔္သြားတယ္လို႔ ထင္စရာ ရွိပါတယ္။ ဒါေပမယ့္ ဇာတ္လမ္းက မၿပီးေသးပါဘူး။ အၾကင္လင္မယားႏွစ္ေယာက္ဟာ ညားၿပီးကတည္းက အိမ္ထဲက အိမ္ျပင္ သိပ္ထြက္ေလ့ မရွိေတာ့ဘဲ၊ ေက်း႐ြာ ဘာသာေရးဆိုင္ရာ လူႀကီးေတြက ဗလီလာမတက္လို႔ စာပို႔သတိေပးရသည္အထိ ျဖစ္ခဲ့ပါတယ္။
ညားကာစ တစ္လေလာက္မို႔ ဒီလို အိမ္တြင္းေအာင္းတာလို႔ တစ္ခ်ိဳ႕က ယူဆခဲ့ေပမယ့္၊ ႏွစ္လ သုံးလ တန္သည္အထိ သူတို႔က ဒီပုံစံပါဘဲ။ တစ္ခါတေလ Selamat ဟာ မျဖစ္မေန ကိစၥရပ္ေပၚလာလို႔ ရွားေတာင့္ရွားခဲ အျပင္ကို ထြက္ရတဲ့ အခါမ်ိဳးမွာ အိမ္ကို ေသာ့ေတြနဲ႕ ေသခ်ာက်က်နနပိတ္ၿပီး၊ ဇနီးသည္ Rohaya ကို အိမ္ထဲမွာ တစ္ဦးတည္း ထားရစ္ခဲ့တာကို ပတ္ဝန္းက်င္က သတိထားမိခဲ့ၾကပါတယ္။
ဒါနဲ႕ နီးစပ္ရာက Selamat ကို ဘာလို႔ အျပင္သြားတိုင္း အိမ္ေပါက္ေစ့ ေသာ့ေတြ လိုက္ခတ္ရတာလဲကြာ-လို႔ ေခ်ာ့ေမာ့ ေမးျမန္းေတာ့ Selamat က “က်ဳပ္မိန္းမကို တစ္ျခားေယာက္်ားက ေၾကာင္ေတာင္ဝင္ႏွိုက္မွာစိုးလို႔ေပါ့ဗ်” ဆိုၿပီး ခပ္ဆက္ဆက္ ေျဖပါတယ္တဲ့။ ဒီေတာ့မွ ႐ြာသားေတြလည္း Selamat ရဲ႕ အျဖစ္သည္းပုံကို ရယ္ရအခက္၊ ငိုရအခက္ ျဖစ္ေစခဲ့ပါတယ္။
Selamat နဲ႕ Rohaya တို႔ ဇနီးေမာင္ႏွံမွာ ဘ႑ာေရးဆိုင္ရာ အခက္အခဲလည္း မရွိဘူးလို႔ သိရပါတယ္။ သူတို႔႐ြာမွာေတာ့ သူတို႔ဟာ အခ်မ္းသာႀကီးမဟုတ္ေတာင္ စားနိုင္ေသာက္နိုင္တဲ့အထဲမွာ ပါပါတယ္တဲ့။ လက္ရွိအခ်ိန္ထိေတာ့ Rohaya ဟာ အသက္မည္မွ်ပင္ ႀကီးေစကာမူ၊ ႏွစ္ေယာက္သား ရင္ေသြးရဖို႔ စိတ္ကူးယဥ္ေနၾကတယ္လို႔ ဆိုပါတယ္။
Credit