ယခုလာမည့် 2021 နှစ်ဆန်း(၁)ရက်နေ့၏ ထူးခြားချက်
ဒီဇင်ဘာလအကုန် New Year အစ အင်္ဂလိပ်နှစ်ဆန်း ၁ ရက်နေ့ဖြစ်တဲ့ 1.1 2021 နေ့ဟာ သောကြာနေ့ကျပါသည်။
သောကြာဆိုတာ အအေးဓာတ်ကိုဆောင်ပါတယ်။ သောကြာဂြိုလ်တိုင်ဟာ ပူးမင်း ဖြစ်ပြီး အေးချမ်း တိတ်ဆိတ်ခြင်းကို လိုလားတဲ့ အကောင်လေးပါ။
သောကြာ သား၊ သမီးတွေဟာ အေးအေးချမ်းချမ်း နေတတ်သူတွေဖြစ်သလို ထူးချွန်ထက်မြက် ချမ်းသာကြသူတွေလည်း များပါတယ်။
၂၀၂၁ ရဲ့ တနှစ်တာလုံးဟာ လူသားအားလုံးအတွက် အေးချမ်း အောင်မြင်မှုတွေ ပြည့်မယ်ဆိုတဲ့ နမိတ်ပါ။
၂၀၂၀ မှာ Covid ကြောင့် ပူလောင်ခဲ့ရတာတွေဟာ ၂၀၂၁ မှာ အားလုံးပြီးဆုံးအေးချမ်းကြမဲ့ သဘောပါ။
နှစ်ဆန်း ၁ ရက်နေ့ စနေနေ့ကျတာ ဟာ ဗေဒင်နမိတ်အရမကောင်းပါဘူး။၂၀၂၁ နှစ်ဆန်း ၁ ရက်ကတော့ သောကြာဖြစ်လို့ကံကောင်းတယ်လို့ ဆိုရမှာပါ
အဲနေ့ဟာ သောကြာနေ့ဖြစ်သလို ရက်ရာဇာလဲ ကျပါတယ်။ မကောင်းသောရက် ဝါရမိတ္တူ ရက်လဲ လွတ်ပါတယ်။
၂၀၂၀ နှစ်ဆန်း ၁ ရက်နေတုန်းကတော့ပြဿဒါးရက် ကျခဲ့ပါတယ်။၂၀၂၁ တနှစ်လုံးမှာ သင့်အတွက် သင့်မိသားစု အတွက် ကံကောင်းခြင်း အေးချမ်းခြင်း အောင်မြင်ခြင်းတွေကို ယူဆောင်လာပေးဖို့အတွက် ယတြာလေးတခုပေးပါမယ်
ယုံကြည်တဲ့သူတွေ အတွက်ပါ ၉ နဝင်း ယတြာလေးပါပဲ
January လ ၁ရက် သောကြာနေ့ အဲနေ့မနက် ၉ နာရီတိတိ အချိန်မှာ အိမ်က ဘုရားမှာ သို့မဟုတ် ဂြိုလ်တိုင်တွေရှိတဲ့ ဘုရားမှာ ဆိုရင် သောကြာဂြိုလ်ထောင့်မှာ
သပြေ ၉ ညွှန့်၊သစ်သီး ၉ မျိုး( ဘုရားကိုကပ်လှူသည့်အခါ သစ်သီးများကို ခွဲခြမ်းစိပ်ဖြာပြီး စားနိုင်ယုံ အစိပ်လေးများဖြင့်သာ ပူဇော်လှူဒါန်းရပါသည်)၊သောက်တော်ရေ ၉ ခွက်ကို ကပ်လှူ ပူဇော်ပြီး မေတ္တာသုတ် ( သောကြာဂြိုလ်သက်အရ မေတ္တာသုတ် ၂၁ကြိမ် ရွတ်ဖတ်ပူဇော်ပါမည်)၊
ရတနသုတ်၊ ဗောဇ္ဈင်္ဂသုတ် ၊ဂုဏ်တော်ကွန်ချာ၊ဇယစက္ကော အောင်မြင်ခြင်းဂါထာ တွေ ကို မိမိနှစ်သက်သလောက် အခေါက်ရေ နဲ့ရွတ်ဖတ်ပူဆော်ပြီး အရဟံ ဂုဏ်တော်ကို ၁၀၈ လုံး ပုတီး ၁၀ပါတ်စိတ်ပါ ။
ပြီးရင် သောက်တော်ရေ ကို သောကြာဂြိုလ်ဒေါင့် မြောက်အရပ်ရှိသစ်ပင်ခြေရင်းမှာစွန့်ပါ(သောကြာနံ အပင်ဆို ပိုကောင်းပါတယ် )
ဂြိုလ်တိုင်ရှိတဲ့ ဘုရားမှာဆိုရင်သောက်တော် ရေကို ဂြိုလ်တိုင်ခြေမှာပဲ သွန်ပါ။လောကဓာတ်ကြီး တခုလုံးကို မေတ္တာပို့ပါ။လိုရာဆုတောင်းပါ
သစ်သီးတွေကို မိမိအိမ်နီးနားချင်း (သို့မဟုတ်)ဆင်းရဲနိမ့်ကျသူတွေကို
ပေးကမ်းပါ။သပြေပန်းကို ဘုရားမှာကပ်လှူထားခဲ့ပါ
2021 နှစ်သစ်ကူး ကုသိုလ်ယူခြင်းကို သင့်မိသားစုတွင် သောကြာသားသမီးရှိပါက ထိုသူနှင့်အတူ ကုသိုလ်အတူယူကြရင် ပို၍ ကောင်းမွန်ပါတယ်
(ဖြစ်နိုင်လျှင် အိမ်ရှိလူကုန် နှစ်သစ်ကူး ကုသိုလ်ဖြင့် နှစ်သစ်ကိုအစပြုခြင်းဟာ သိပ်ကိုမင်္ဂလာရှိပြီး တစ်နှစ်တာလုံး ကံကောင်းခြင်းတွေ ပိုင်ဆိုင်ရပါလိမ့်မယ်)
2021 နှစ်သစ်မှ စ၍ ကံကောင်းခြင်းများ ယူဆောင်လာနိုင်ပါစေ
ဘုရားယတြာကို ယုံကြည်သူများ နှစ်ဆန်း ၁ ရက်နေ့မှာ မမေ့သွားဖို့အတွက် မိမိ Wall မှာ share ထား သိမ်းထား နိုင်ပါတယ်
Credit-Original Writer