Uncategorized ဗဟုသုတ

ကျန်းမာရေးမကောင်းတဲ့အမေ နဲ့ ညီငယ် ညီမလေးတွေကို ရှာကျွေးနေတဲ့ ကလေးလေးတဲ့ဗျာ

ထားဝယ်မြို့ ရုံးကြီးပွိုင့်နားမှာပန်းရောင်းနေတဲ့ကလေးကိုအရင်ကမတွေ့ ဖူးဘူး။

ခုတွေ့နေရတာ ၃ရက်၄ရက်လောက်ရှိပြီ ပန်းဝယ်အုံးမှပဲဆိုပြီး စိတ်ကူးနေတာ ၁၈ ရက်နေ့ညကအားပေးဖြစ်ခဲ့တယ်။

သူနဲ့စကားပြောကြည့်တော့ ကျန်းမာရေးမကောင်းတဲ့အမေ့ကိုရှာကျွေးနေတဲ့ သားအကြီးဆုံးတဲ့အောက်မှာက ညီလေးတွေ ညီမလေးတွေရှိသေးတယ်တဲ့ သူ့ဘေးမှာ ရပ်နေတဲ့ မဇာဇာလင်းက ပန်းကူရောင်းပေးနေတာ ကျေးဇူးပါခင်ဗျာ (အရင်က ပြောင်းဖူးပြုတ်ရောင်းတယ် တဲ့ သနားလို့ကူညီပေးနေတာတဲ့)

အစကတော့ ပန်းတစ်အိုးစာပဲ ဝယ်မလို့ နောက်တော့သူအကြောင်းလည်းသိရတော့သနားလည်းသနား သူ့စိတ်ဓာတ်ကိုလည်း လေးစားလို့ ပန်းတွေအားလုံးဝယ်လိုက်တယ်။

ဘယ်လောက်ကျလဲမေးတော့ တစ်သောင်းငါးထောင်ကျပ်တဲ့ ကျွန်တော် က၂သောင်းပေးခဲ့လိုက်တယ်သူလက်မခံဘူး သူများပိုက်ဆံအဲလိုမယူချင်ဘူးတဲ့ ယူလိုက်ပါညီလေးရာ ဆိုပြီးအတင်းပေးမှ သူလက်ခံသွားတယ်။

အပြင်ထွတ်လို့ ရုံးကြီးမီးပွိုင့်နားမှာ ဒီခလေးလေးပန်းရောင်းနေတာတွေ့ရင် မလိုအပ်လည်း အားပေးလိုက်ကြပါအုံးခင်ဗျ

Credit-Original Uploader


ခုတွေ့နေရတာ ၃ရက်၎ရက်လောက်ရှိပြီ




