Knowledge Sharing ဗဟုသုတ

ကပ်ရောဂါဆိုးကြီးမှ ကင်းလွတ်အောင် ဘုရားရှင် သင်ပေးတော်မူခဲ့သော သစ္စာစကား

ယုံအောင်တော့ ယုတ္တိသာဓကနှင့်တကွ ပြောပြ ပါ့မယ် ဗုဒ္ဓဘာသာဝင် စစ်စစ်ဆိုလျှင် လက်တွေ့အသုံးချကြဖို့ တိုက်တွန်းလို ပါတယ်။ ဘာမှမပင်ပန်း သလို ငွေကုန်ကြေးကြလဲမရှိပါဘူး တစ်ခုပါပဲ ယုံကြည်မှု ရှိရုံလေးဆို ရပါတယ် .လောကီဘက်မှာတောင်မှ ကိုယ့်ခေါင်းဆောင်ပြောတဲ့ ..

စကားကို အသက်နဲ့လဲပြီးယုံကြည်သူတွေကို အများ ..အပြား ရှိတာကို အားလုံး တွေ့ဘူးကြမယ်ထင်ပါတယ်.။ မသေချာတဲ့ ပုထုဇဉ် ပြောတဲ့ စကားကိုတောင်မှ အသက်ပေးပြီး ယုံကြည်ရင် ..သေချာတဲ့ ကိလေသာလုံးဝ ကင်းစင်တဲ့ အတုမရှိတဲ့ …

ဗုဒ္ဓဂေါတမတည်း ဟူသော ခေါင်းဆောင်ကြီးပြော ခဲ့တဲ့ ဟောခဲ့တဲ့ …ပေးခဲ့တဲ့ ..လမ်းညွှန်ခဲ့တဲ့ စကားကို ရင်ထဲမှာ နှစ်နှစ်ကာကာ လေးလေးစားစား အသက်တမျှ ယုံကြည်လိုက်ပါ ။

အရှုံးမရှိပါဘူး …ဗုဒ္ဓဘာသာမှာ မည်သည့် အခက်အခဲ ပင်ဖြစ်စေကာမူ ကျော်လွားနိုင်အောင်လမ်းညွှန်မ ှုပေးထားတဲ့ နည်းလမ်း တွေအများကြီး ရှိပါတယ်။ …နောက်ဆုံး မီးနေခန်းထဲကအခက်အခဲ ကိုတောင်မှ …ဖြေရှင်းပုံ ဖြေရှင်းနည်းကို ပေးခဲ့တဲ့ ဘာသာပါ ..မသုံးတတ်လို့ မသိကြလို့သာ တန်ဖိုးထားရ မှန်းမသိ တာပါ..။

သူတို့က လောကီဖြေဆေး နောက်ကိုအားသွန်ခွန်စိုက် လိုက်နေကြတာဆိုတော့ …ဗုဒ္ဓဘာသာ တို့အတွက် ကတော့ ကိုယ့်ခေါင်းဆောင်ကြီးပြောတဲ့ သစ္စာစကားကို သုံးကြဖို့ တိုက်တွန်း ပါတယ်။ …ယုံကြည်ကြဖို့ ပြောလို ပါတယ်..အားလုံးသိ ကြပြီးဖြစ်တဲ့ အတိုင်း ဝေသာလီပြည်မှာ ဒီလို ကပ်ရောဂါကြီးဖြစ်တော့

အဲ့ဒီကပ်ရောဂါကြီးကိုငြိမ်း အောင် မြတ်ဗုဒ္ဓဟာ တပည့်သား အရှင်အာနန္ဒာကို ဒီလိုသစ္စာဆိုကွ ဆိုပြီး သင်ပေးခဲ့ ဘူးပါတယ်။ အမှန်တကယ်လဲ ပျောက်ကင်းခဲ့ဘူးပါတယ် ဘုရားရှင်သင်ပေးတဲ့ သစ္စာစကားက လွယ်လွယ်လေးပါ ..သို့သော် မယုံကြည်ရင် မစမ်းပါနဲ့ သစ္စာစူးမှာစိုးလို့ပါ။

တရားရုံးတွေမှာ ကျမ်းကျိမ်တဲ့ အခါမှာ မမှန်တာပြောက ..ကျမ်းစူးပါစေဆိုပြီး ကျိန်ပြောခိုင်းတာကို သတိထား ပါခုလဲ မယုံရင်မရွတ်ပါနဲ့ သစ္စာစူးပါ လိမ့်မယ် ခြောက်တာမဟုတ်ပါဘူး ။

မြတ်ဗုဒ္ဓရဲ့နှုတ်ထွက် စကားမို့ အပြစ်ထိမှာ စိုးလို့ပါ..တချို့က မယုံကြည် ရုံတင်မဟုတ်ဘူး ..ဟုတ်မှဟုတ်ပါ့ မလား ပျောင်မှပျောက်မှ မလားဆိုတဲ့ ..သံသယနဲ့ တွေးတတ်ဖြစ်တတ်ကြလို့ပါ

သံသယရှိရင်တော့ လုံးဝမပျောက်ပါဘူး သံဓိဋ္ဌာန်ချပြီး ပျောက်ကိုပျောက် ရစေမယ်ဆိုတဲ့စိတ်ထားနဲ့သာလုပ်ပါ ။

ဘုရားစကား လွဲတယ် ဆိုတာမရှိပါဘူး..ရတနသုတ် မှာလာပါတယ် ဒီသစ္စာ စကားက ဘုရားရှင်သင်ပေးပုံက ဒီလိုပါ အာနန္ဒာရေ.. ခု ငါဘုရားသင်ပေးမယ့်သစ္စာတရားကို မင်းရွတ်ကွ .။

လက်ထဲမှာလဲ ဗလာမထားနဲ့ ငါ့သပိတ်ကို ယူသွား ပရိတ်ရေ အဆောင်အဖြစ်သုံး …မင်းစိတ်ထဲမှာ ဒီရေက ..သစ္စာတရားရေ …ဘုရားရှင်ရဲ့အာဏာတည်နေတဲ့ရေ ဒါ့ကြောင့် ဒီသစ္စာရေနဲ့ ထိတဲ့ တိုင်း မကောင်းတဲ့ နာနာဘာဝ ဝိနာဘာဝတွေ ဆိုပြေးလော့ သူတို့လဲမနေ နိုင်ပါဘူး..ကောင်းတဲ့ သူတော်စဉ်တွေဆို ဒီသစ္စာရေ နဲ့ထိက .

.သောက်သုံးက ငြိမ်းအေးစေ သတည်း အရံအတားလဲ ဖြစ်စေသတည်း.. ဖြစ်လဲဖြစ်မှာအာနန္ဒာရေ..ဘာ့ကြောင့်လဲ ဆိုတော့ ငါဘုရားသစ္စာ စကားကိုးကွ.. အဲ့လိုစိတ်ထားလေးနဲ့မင်းရွတ်ကွာ ငါသင်ပေးလိုက်မယ်.။

(ဟောဒီလူ့ပြည် ဟိုးနတ်ပြည် နဂါးပြည် ဂဠုန်ပြည် ဗြဟ္မာပြည် စကြာဝဠာတစ်ခုလုံးမှာကွာ ဂေါတမမြတ်စွာ ဘုရားနဲ့တူတဲ့ ရတနာဆိုတာမရှိဘူး တစ်ဆူထဲ သာရှိတဲ့ဘုရား …။

ဂေါတမမြတ်စွာဘုရား ဟောကြားတဲ့ ပိဋကတ်သုံးပုံ ဆိုတဲ့ တရားနဲ့တူတဲ့ ရတနာမရှိဘူးဂေါတမမြတ်စွာဘုရားရဲ့ တပည့်ပရိသတ်ဖြစ်တဲ့

ရှင်မဟာ ကဿပ ရှင်သာရိပုတ္တရာ ရှင်မဟာမေဂ္ဂလာန် စတဲ့ ရဟန္တာ အပေါင်း သီလဝန္တပုထုဇဉ်အပေါင်း စတဲ့ အရိယာသံဃာ အရိယာ အနွယ်ဝင် သံဃာ ဒီသံဃာတွေ နဲ့တူတဲ့ ရတနာ မရှိဘူး)ဒါသစ္စာ စကားပဲ ဒါသစ္စာတရားပဲ ဒီသစ္စာစကား သစ္စာ တရားကို အာနန္ဒာရေ မင်းရွတ်ဆိုကွာ သပိတ်တော်ထဲ က ပရိတ်ရေလဲ ဖျန်းပေး

ဒီလိုဆိုရင် ဘာရောဂါကြီး ပဲဖြစ်ဖြစ် ပျောက်လိမ့် မယ်.တဲ့.. ဒါက …ဘုရားဟောပါ အစစ်ပါ စမ်းကြည့်ပါ ယုံကြည်ရင်ပေါ့ ..သစ္စာစကားဆိုကြည့်ပါ ရိုရိုသေသေ နက်နက်ရှိုင်းရှိုင်း ပေါ့

ဗုဒ္ဓဘာသာမှာ ဘုရားကယ် တယ်ဆိုတာ လုံးဝ မရှိပါဘူး ဘုရားရှင် လမ်းညွှန်မှုပေးတာပဲရှိပါတယ် ..ခု..ဘုရားရှင်ရဲ့လမ်းညွှန်မှုကို အားလုံးဗုဒ္ဓဘာသာဝင် ..

သူတော်စဉ်တွေ သိအောင် ဦးဇင်းရေးပြလိုက် ပါပြီ ..ဘုရားရှင်ရဲ့ လမ်းညွှန်မှုအတိုင်း စမ်းကြည့်ကြပါလား..ဓမ္မရံသီအရှင်ကဝိန္ဒ (မိုးကုတ်)

ကပ္ေရာဂါဆိုးႀကီးမွ ကင္းလြတ္ေအာင္ ဘုရားရွင္ သင္ေပးေတာ္မူခဲ့ေသာ သစၥာစကား

ယုံေအာင္ေတာ့ ယုတၱိသာဓကႏွင့္တကြ ေျပာျပ ပါ့မယ္ ဗုဒၶဘာသာဝင္ စစ္စစ္ဆိုလွ်င္ လက္ေတြ႕အသုံးခ်ၾကဖို႔ တိုက္တြန္းလို ပါတယ္။ ဘာမွမပင္ပန္း သလို ေငြကုန္ေၾကးၾကလဲမရွိပါဘူး တစ္ခုပါပဲ ယုံၾကည္မႈ ရွိ႐ုံေလးဆို ရပါတယ္ .ေလာကီဘက္မွာေတာင္မွ ကိုယ့္ေခါင္းေဆာင္ေျပာတဲ့ ..

စကားကို အသက္နဲ႕လဲၿပီ းယုံၾကည္သူေတြကို အမ်ား ..အျပား ရွိတာကို အားလုံး ေတြ႕ဘူးၾကမယ္ထင္ပါတယ္.။ မေသခ်ာတဲ့ ပုထုဇဥ္ ေျပာတဲ့ စကားကိုေတာင္မွ အသက္ေပးၿပီး ယုံၾကည္ရင္ ..ေသခ်ာတဲ့ ကိေလသာလုံးဝ ကင္းစင္တဲ့ အတုမရွိတဲ့ …

ဗုဒၶေဂါတမတည္း ဟူေသာ ေခါင္းေဆာင္ႀကီးေျပာ ခဲ့တဲ့ ေဟာခဲ့တဲ့ …ေပးခဲ့တဲ့ ..လမ္းၫႊန္ခဲ့တဲ့ စကားကို ရင္ထဲမွာ ႏွစ္ႏွစ္ကာကာ ေလးေလးစားစား အသက္တမွ် ယုံၾကည္လိုက္ပါ ။

အရႈံးမရွိပါဘူး …ဗုဒၶဘာသာမွာ မည္သည့္ အခက္အခဲ ပင္ျဖစ္ေစကာမူ ေက်ာ္လြားနိုင္ေအာင္လမ္းၫႊန္မ ႈေပးထားတဲ့ နည္းလမ္း ေတြအမ်ားႀကီး ရွိပါတယ္။ …ေနာက္ဆုံး မီးေနခန္းထဲကအခက္အခဲ ကိုေတာင္မွ …ေျဖရွင္းပုံ ေျဖရွင္းနည္းကို ေပးခဲ့တဲ့ ဘာသာပါ ..မသုံးတတ္လို႔ မသိၾကလို႔သာ တန္ဖိုးထားရ မွန္းမသိ တာပါ..။

သူတို႔က ေလာကီေျဖေဆး ေနာက္ကို အားသြန္ခြန္စိုက္ လိုက္ေနၾကတာဆိုေတာ့ …ဗုဒၶဘာသာ တို႔အတြက္ ကေတာ့ ကိုယ့္ေခါင္းေဆာင္ႀကီးေျပာတဲ့ သစၥာစကားကို သုံးၾကဖို႔ တိုက္တြန္း ပါတယ္။ …ယုံၾကည္ၾကဖို႔ ေျပာလို ပါတယ္..အားလုံးသိ ၾကၿပီးျဖစ္တဲ့ အတိုင္း ေဝသာလီျပည္မွာ ဒီလို ကပ္ေရာဂါႀကီးျဖစ္ေတာ့

အဲ့ဒီကပ္ေရာဂါႀကီးကိုၿငိမ္း ေအာင္ ျမတ္ဗုဒၶဟာ တပည့္သား အရွင္အာနႏၵာကို ဒီလိုသစၥာဆိုကြ ဆိုၿပီး သင္ေပးခဲ့ ဘူးပါတယ္။ အမွန္တကယ္လဲ ေပ်ာက္ကင္းခဲ့ဘူးပါတယ္ ဘုရားရွင္သင္ေပးတဲ့ သစၥာစကားက လြယ္လြယ္ေလးပါ ..သို႔ေသာ္ မယုံၾကည္ရင္ မစမ္းပါနဲ႕ သစၥာစူးမွာစိုးလို႔ပါ။

တရား႐ုံးေတြမွာ က်မ္းက်ိမ္တဲ့ အခါမွာ မမွန္တာေျပာက ..က်မ္းစူးပါေစဆိုၿပီး က်ိန္ေျပာခိုင္းတာကို သတိထား ပါခုလဲ မယုံရင္မ႐ြတ္ပါနဲ႕ သစၥာစူးပါ လိမ့္မယ္ ေျခာက္တာမဟုတ္ပါဘူး ။

ျမတ္ဗုဒၶရဲ႕ႏႈတ္ထြက္ စကားမို႔ အျပစ္ထိမွာ စိုးလို႔ပါ..တခ်ိဳ႕က မယုံၾကည္ ႐ုံတင္မဟုတ္ဘူး ..ဟုတ္မွဟုတ္ပါ့ မလား ေပ်ာင္မွေပ်ာက္မွ မလားဆိုတဲ့ ..သံသယနဲ႕ ေတြးတတ္ျဖစ္တတ္ၾကလို႔ပါ

သံသယရွိရင္ေတာ့ လုံးဝမေပ်ာက္ပါဘူး သံဓိ႒ာန္ခ်ၿပီး ေပ်ာက္ကိုေပ်ာက္ ရေစမယ္ဆိုတဲ့စိတ္ထားနဲ႕သာလုပ္ပါ ။

ဘုရားစကား လြဲတယ္ ဆိုတာမရွိပါဘူး..ရတနသုတ္ မွာလာပါတယ္ ဒီသစၥာ စကားက ဘုရားရွင္သင္ေပးပုံက ဒီလိုပါ အာနႏၵာေရ.. ခု ငါဘုရားသင္ေပးမယ့္သစၥာတရားကို မင္း႐ြတ္ကြ .။

လက္ထဲမွာလဲ ဗလာမထားနဲ႕ ငါ့သပိတ္ကို ယူသြား ပရိတ္ေရ အေဆာင္အျဖစ္သုံး …မင္းစိတ္ထဲမွာ ဒီေရက ..သစၥာတရားေရ …ဘုရားရွင္ရဲ႕အာဏာတည္ေနတဲ့ေရ ဒါ့ေၾကာင့္ ဒီသစၥာေရနဲ႕ ထိတဲ့ တိုင္း မေကာင္းတဲ့ နာနာဘာဝ ဝိနာဘာဝေတြ ဆိုေျပးေလာ့ သူတို႔လဲမေန နိုင္ပါဘူး..ေကာင္းတဲ့ သူေတာ္စဥ္ေတြဆို ဒီသစၥာေရ နဲ႕ထိက .

.ေသာက္သုံးက ၿငိမ္းေအးေစ သတည္း အရံအတားလဲ ျဖစ္ေစသတည္း.. ျဖစ္လဲျဖစ္မွာအာနႏၵာေရ..ဘာ့ေၾကာင့္လဲ ဆိုေတာ့ ငါဘုရားသစၥာ စကားကိုးကြ.. အဲ့လိုစိတ္ထားေလးနဲ႕မင္း႐ြတ္ကြာ ငါသင္ေပးလိုက္မယ္.။

(ေဟာဒီလူ႕ျပည္ ဟိုးနတ္ျပည္ နဂါးျပည္ ဂဠုန္ျပည္ ျဗဟၼာျပည္ စၾကာဝဠာတစ္ခုလုံးမွာကြာ ေဂါတမျမတ္စြာ ဘုရားနဲ႕တူတဲ့ ရတနာဆိုတာမရွိဘူး တစ္ဆူထဲ သာရွိတဲ့ဘုရား …။

ေဂါတမျမတ္စြာဘုရား ေဟာၾကားတဲ့ ပိဋကတ္သုံးပုံ ဆိုတဲ့ တရားနဲ႕တူတဲ့ ရတနာမရွိဘူးေဂါတမျမတ္စြာဘုရားရဲ႕ တပည့္ပရိသတ္ျဖစ္တဲ့

ရွင္မဟာ ကႆပ ရွင္သာရိပုတၱရာ ရွင္မဟာေမဂၢလာန္ စတဲ့ ရဟႏၲာ အေပါင္း သီလဝႏၲပုထုဇဥ္အေပါင္း စတဲ့ အရိယာသံဃာ အရိယာ အႏြယ္ဝင္ သံဃာ ဒီသံဃာေတြ နဲ႕တူတဲ့ ရတနာ မရွိဘူး)ဒါသစၥာ စကားပဲ ဒါသစၥာတရားပဲ ဒီသစၥာစကား သစၥာ တရားကို အာနႏၵာေရ မင္း႐ြတ္ဆိုကြာ သပိတ္ေတာ္ထဲ က ပရိတ္ေရလဲ ဖ်န္းေပး

ဒီလိုဆိုရင္ ဘာေရာဂါႀကီး ပဲျဖစ္ျဖစ္ ေပ်ာက္လိမ့္ မယ္.တဲ့.. ဒါက …ဘုရားေဟာပါ အစစ္ပါ စမ္းၾကည့္ပါ ယုံၾကည္ရင္ေပါ့ ..သစၥာစကားဆိုၾကည့္ပါ ရိုရိုေသေသ နက္နက္ရွိုင္းရွိုင္း ေပါ့

ဗုဒၶဘာသာမွာ ဘုရားကယ္ တယ္ဆိုတာ လုံးဝ မရွိပါဘူး ဘုရားရွင္ လမ္းၫႊန္မႈေပးတာပဲရွိပါတယ္ ..ခု..ဘုရားရွင္ရဲ႕လမ္းၫႊန္မႈကို အားလုံးဗုဒၶဘာသာဝင္ ..

သူေတာ္စဥ္ေတြ သိေအာင္ ဦးဇင္းေရးျပလိုက္ ပါၿပီ ..ဘုရားရွင္ရဲ႕ လမ္းၫႊန္မႈအတိုင္း စမ္းၾကည့္ၾကပါလား..ဓမၼရံသီအရွင္ကဝိႏၵ (မိုးကုတ္)