Unicode
အောက်တွင်Zawgyi နှင့်ဖတ်ရှုနိုင်ပါသည်။
တန်ဖိုးရှိတာမို့ ကျော်မသွားကြပါနဲ့လား
အရှုံးဆိုတာ လူတိုင်းထိတွေ့ဖူးတဲ့ ရောဂါအောင်မြင်တဲ့သူမှာတော့ ပိုပြီးတော့ရင်းရင်းနှီးနှီး တွေ့ရတတ်ပါတယ်။
ဒါပေမယ့်ဘဝဆိုတဲ့ ကစားပွဲ တစ်ခုမှာတော့ အရှုံးတွေဟာ သင့်ကို အဆုံးသတ်အောင်လုပ်လို့မရပါဘူး။
စီပွားရေးကြောင့် ရှုံးနိမ့်တယ်။လူမှုရေးကြောင့်ရှုံးနိမ့်တယ်။နှလုံးသားရေးကြောင့် ရှုံးနိမ့်တယ်။
အရှုံးနဲ့ကြုံရပြီဆိုရင် ကိုယ့်ကိုကိုမေးရမှာတစ်ခုကအရှုံးကနေရုန်းထွက်မလားဒီအရှုံးကြားမှာနစ်ဝင်နေမလားဆိုတဲ့ မေးခွန်းပါပဲ။
ဒီကစားပွဲမှာ သင်ကိုယ်တိုင်လက်နက်မချမချင်း ဘယ်သူကမှ သင့်ကိုအနိုင်တိုက်ယူလို့ မရပါဘူး။
ငိုကြွေးလို့ရပါတယ်ငိုကြွေးခြင်းဟာ ပျော့ညံ့ခြင်းလို့တသတ်မတ် သတ်ယူလို့မရပါဘူး။
ငိုကြွေးခြင်းဟာ သင့်ရဲ့ခံစားချက်ကို ဖော်ထုတ်ရာရောက်တယ်ဆိုရင် ငိုကြွေးနိုင်ပါတယ် ။ဒါပေမယ့်တစ်ချိန်ချိန် မှာတော့ အငိုတိတ်ရမယ်ဆိုတာ သင် သိထားပါ။
ဘေးမှာချစ်သူတွေရှိတယ်အရှုံးဟာ အထီးကျန်ဝမ်းနည်းခြင်းကို အားပေးပါတယ်။သင့်ကိုယ်သင်အရေးမပါတော့တဲ့သူတစ်ယောက်၊အသုံးမကျတော့တဲ့ သူတစ်ယောက်လို့ ခံစားချင်လည်း ခံစားရပါမယ်။
ဒါပေမယ့်သင့်ရဲ့ဘေးမှာ သင့်ကို ချစ်တဲ့ မိသားစုတွေ၊သင့်ရဲ့မိတ်ဆွေတွေ ရှိနေသေးတယ်ဆိုတာ အမြဲသတိရနေသင့်ပါတယ်။
အနားယူပါစိတ်ပင်ပန်းမှ နှလုံးသားနွမ်းနယ်မှုတွေဟာ သင့် ကို နောက်ထပ် ခြေလှမ်းတွေ မလှမ်းချင်တော့ရလောက်အောင်ပင်ပန်းစေပါတယ်။
ဒီအချိန်မှာ လိုအပ်နေတာ အနားယူဖို့ပါချက်ချင်းကြီး ရုန်းကန်တာထက်စာရင် ပင်ပန်းမှုတွေကို ခဏလောက် အပန်းဖြေသင့်ပါတယ်။
သုံးသပ်ပါခံစားမှုတွေ၊နာကျင်မှုတွေလျော့တဲ့အခါမှာတော့ရှုံးနိမ့်ခဲ့တဲ့ အဖြစ်အပျက် နာကျင်ခဲ့ရတဲ့ အဖြစ်အပျက် တွေကို ပြန်ပြီးသုံးသပ်ကြည့်ပါ။
ကိုယ်ဘာတွေလုပ်ခဲ့လဲ။ ဘာတွေလိုအပ်ခဲ့လဲဘာတွေပြုပြင်ဖို့ လိုအပ်ခဲ့သလဲ။အရှုံးတွေဟာ သင့်ကို ပျော့ညံ့စေတဲ့ အရာမဟုတ်ဘဲသန်မာလာစေတဲ့ အရာဖြစ်ကြောင်း သက်သေပြဖို့ကြိုးစားရပါမယ်။
ပိုကောင်းတဲ့ အရာတွေရှိတယ် ဒီနေ့မှာ ဘာကိုမှ ရင်မဆိုင်ချင်ရလောက်အောင်ရှုံးနေပေမယ့် ပိုကောင်းတဲ့အနာဂတ်တွေရှိတယ်ဆိုတဲ့အကြောင်း သင်လက်ခံထားရပါမယ်။
အမှောင်နေ့ရက်တွေထဲမှာပဲ ဘဝကို နစ်မွန်းမခံလိုက်ပါနဲ့။အရှုံးဆိုတာ သင်ခံစားဖှုးသလိုပဲ ထိတွေ့ဖို့ ကောင်းတဲ့အရာတွေထဲမှာမပါဘူး။
ဒါတွေဟာ ခဏတာတွေပါပဲဝမ်းနည်းမှုတွေ၊နာကျင်မှုတွေ၊အားနည်းမှုတွေဒီခံစားချက်တွေအောက်မှာ ထပ်ပြီး ဒူးမထောက်ပါနဲ့ဒီအရှုံးတွေဟာ ခဏတာပါပဲ။
သင့်ဘဝရဲ့အဆုံးသတ်မဟုတ်ပါဘူး။ကျွန်တော်နဲ့ စာဖတ်ပရိတ်သတ်တွေလဲ အရှုံးတွေနဲ့ရင်ဆိုင်နေရတဲ့အခါ ပြန်ဖတ်ပေးဖို့ တိုက်တွန်းပါရစေ
Crd
Zawgyi
Crd